Skip to main content

တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဆဋ္ဌမ (၄) နှစ်တာ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ပူးပေါင်းရေးဆွဲရေး ကြီးကြပ်ကော်မတီ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပခြင်း

      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊  တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းသည် သစ်တောဦးစီးဌာနရှိ ဘာသာရပ်ကျွမ်းကျင်ပညာရှင်များဖြင့် ဆဋ္ဌမ (၄) နှစ်တာစီမံကိန်းအုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (Operational Management Plan Phase VI)ကို    ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။  တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဆဋ္ဌမ (၄) နှစ်တာ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ပူးပေါင်းရေးဆွဲရေးကြီးကြပ်ကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို ၁၀-၁၂-၂၀၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊‌ ဒေါက်တာသောင်းနိုင်ဦးမှ တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်     (စီမံခန့်ခွဲရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြား‌ရေးမှူးများနှင့်စီမံချက်ရေးဆွဲရေးအဖွဲ့ဝင်များ၊ စီမံကိန်းဝန်ထမ်းများတက်ရောက်ခဲ့ပြီး စီမံကိန်းဒါရိုက်တာမှ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ပူးပေါင်းရေးဆွဲရေးကြီးကြပ်ကော်မတီပထမအကြိမ်အစည်းအဝေး ဆုံးဖြတ် ချက်များအား ဆောင်ရွက်ပြီးစီးမှုများကိုတင်ပြခဲ့ပြီး စီမံချက်ရေးဆွဲရေးအဖွဲ့များကိုယ်စား ‌ဒေါက်တာဝင်းမောင်အေး၊ ဒုတိယညွှန်ကြားမှူးမှ  အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။