ဆဋ္ဌမ (၄) နှစ် စီမံကိန်းကာလ သဘာဝကြိုးဝိုင်း အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် (OMP VI) ထုတ်ပြန်ခြင်းအခမ်းအနားကျင်းပခြင်း
တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဆဋ္ဌမ (၄) နှစ် စီမံကိန်းကာလ သဘာဝကြိုးဝိုင်း အုပ်
စီမံကိန်းလုပ်ငန်းများ အချိန်နှင့်တပြေးညီ ပြီးစီးအောင်မြင်ရေး၊ ဒေသခံပြည်သူတို့၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေဖြစ်စေရေး၊ စီမံကိန်းဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လုံခြုံရေးနှင့် ထောက်ပံ့မှုဆိုင်ရာများကို စဉ်ဆက်မပြတ်ကြီးကြပ်သုံးသပ်၍ စီမံကိန်း ပိုမိုတိုးတက်အောင်မြင်စေရန် စီမံကိန်းလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်းနှင့်အစည်းအဝေးကျင်းပခြင်း၊ နည်းပညာရပ် ဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့် အစည်းအဝေးကျင်းပခြင်း များကို နှစ်စဉ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ထို့အပြင် သက်ဆိုင်ရာ ကော်မတီဝင်များ၏ ကြီးကြပ်လမ်းညွှန်ခြင်း၊ အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် စီမံကိန်းဝန်ထမ်းများနှင့် ကွင်းအဆင့် အစည်းအဝေးများပြုလုပ်ခြင်း၊ လစဉ်လုပ်ငန်းညှိုနှိုင်း အစည်းအဝေးများ ပြုလုပ်ခြင်းများကိုလည်း နှစ်အစဉ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(PCC )ဖွဲ့စည်းခြင်း
စဉ် | ရာထူး၊ဌာန/အဖွဲ့အစည်း | တာဝန် | မှတ်ချက် |
၁ | ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန | ဥက္ကဌ |
|
၂ | ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း) သစ်တောဦးစီးဌာန | အဖွဲ့ဝင် |
|
၃ | ညွှန်ကြားရေးမှူး(စီမံကိန်းနှင့်စာရင်းအင်းဌာန) သစ်တောဦးစီးဌာန | အဖွဲ့ဝင် |
|
၄ | ညွှန်ကြားရေးမှူး၊ (ကမ်းလွန်) မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း | အဖွဲ့ဝင် |
|
၅ | အင်ဂျင်နီယာမှူးကြီး (ကမ်းလွန်) မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း | အဖွဲ့ဝင် |
|
၆ | Yadana Asset Manager မုတ္တမဓါတ်ငွေ့ ပို့ဆောင်ရေးကုမ္ပဏီ (MGTC) | အဖွဲ့ဝင် |
|
၇ | Corporate Social Responsible Manager မုတ္တမဓါတ်ငွေ့ ပို့ဆောင်ရေးကုမ္ပဏီ (MGTC) | အဖွဲ့ဝင် |
|
၈ | Chief Executive Officer တနင်္သာရီပိုက်လိုင်းကုမ္ပဏီ (TPC) | အဖွဲ့ဝင် |
|
၉ | Manager (External Affairs and Administration Department တနင်္သာရီပိုက်လိုင်းကုမ္ပဏီ (TPC) | အဖွဲ့ဝင် |
|
၁၀ | SSHE Manager အက်ဒမန်ပို့ဆောင်ရေးလီမိတက် (ATL) | အဖွဲ့ဝင် |
|
၁၁ | ညွန်ကြားရေးမှူးသဘာဝသယံဇာတထိန်းသိမ်းရေးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန | အဖွဲ့ဝင် |
|
၁၂ | ညွန်ကြားရေးမှူး တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန | အဖွဲ့ဝင် |
|
၁၃ | ညွန်ကြားရေးမှူးသဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန သစ်တောဦးစီးဌာန | အတွင်းရေးမှူး |
|
နည်းပညာရပ် ဆိုင်ရာကော်မတီ(TC)ဖွဲ့စည်းခြင်း
စဉ် | ရာထူး၊ဌာန/အဖွဲ့အစည်း | တာဝန် | မှတ်ချက် |
၁ | ညွှန်ကြားရေးမှူး သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ သစ်တောဦးစီးဌာန | ဥက္ကဌ |
|
၂ | ညွှန်ကြားရေးမှူး သဘာဝသယံဇာတထိန်းသိမ်းရေးဌာန၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန | အဖွဲ့ဝင် |
|
၃ | ဒုတိယညွှန်ကြားရေးမှူး၊သစ်တောသုတေသနဌာန၊သစ်တောဦးစီဌာန | အဖွဲ့ဝင် |
|
၄ | လက်ထောက်ညွှန်ကြားရေးမှူး၊သစ်တောသုတေသနဌာန၊ သစ်တောဦးစီဌာန | အဖွဲ့ဝင် |
|
၅ | လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန၊သစ်တောဦးစီးဌာန | အဖွဲ့ဝင် |
|
၆ | လက်ထောက်ညွှန်ကြားရေးမှူး၊ ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာန | အဖွဲ့ဝင် |
|
၇ | ဦးစီးအရာရှိ၊သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ သစ်တောဦးစီးဌာန | အဖွဲ့ဝင် |
|
၈ | Environment Engineer (MGTC) | အဖွဲ့ဝင် |
|
၉ | Kanbauk Program Leader (MGTC) | အဖွဲ့ဝင် |
|
၁၀ | Kanbauk Program Leader (MGTC) | အဖွဲ့ဝင် |
|
၁၁ | Head, Host Liaison (TPC) (External Affairs and Administration Department) | အဖွဲ့ဝင် |
|
၁၂ | Head of Social Development Projects (ATL) | အဖွဲ့ဝင် |
|
၁၃ | Officer, Social Development Projects (ATL) | အဖွဲ့ဝင် |
|
၁၄ | Engineer, Environment (ATL) | အဖွဲ့ဝင် |
|
၁၅ | Engineer, Environment (ATL) | အဖွဲ့ဝင် |
|
၁၆ | စီမံကိန်းဒါရိုက်တာ ၊ TNRP | အတွင်းရေးမှူး |
|
၁၇ | ဥယျာဉ်အုပ်ချုပ်ရေးမှူး ၊ TNRP | တွဲဖက်အတွင်းရေးမှူး |
|
ပဥ္စမ (၅) နှစ်စီမံကိန်းကာလ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု
စဉ် | အကြောင်းအရာ | ရေတွက်ပုံ | လျာထား | ပြီးစီး | မှတ်ချက် |
၁ | စီမံကိန်းလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေး ကျင်းပခြင်း | ကြိမ် | ၂ | ၂ |
|
၂ | နည်းပညာရပ်ဆိုင်ရာကော်မတီအစည်းအဝေးကျင်းပခြင်း | ကြိမ် | ၄ | ၄ |
|
၃ | ကွင်းအဆင့်အစည်းအဝေးကျင်းပခြင်း | ကြိမ် | ၁၂ | ၁၂ |
|
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက် သော စီမံကိန်းလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း (၂)ကြိမ် ကျင်းပနိုင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့ပါသည်။
![]() | ![]() |
နည်းပညာရပ်ဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပခြင်း
နည်းပညာဆိုင်ရာကော်မတီအစည်းအဝေးကို ၂၀၂၃-၂၄ ဘဏ္ဍာနှစ် အတွင်း (၂) ကြိမ် ကျင်းပခဲ့ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် လုပ်ငန်းတိုးတက်မှု နှင့် နည်းပညာဆိုင်ရာ များ အကြံပြုဆွေးနွေးခြင်း၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အတည်ပြုဆွေးနွေးခြင်းစသည်တို့ကို ဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။
![]() | ![]() | ![]() |
နည်းပညာဆိုင်ရာကော်မတီအစည်းအဝေးကို ၂၀၂၄-၂၅ ဘဏ္ဍာနှစ် အတွင်း (၄) ကြိမ် ကျင်းပရန် လျာထားခဲ့ပြီး (၁၇-၅-၂၀၂၄)ရက်နေ့၊ (၄-၉-၂၀၂၄)ရက်နေ့ (၁၉-၁၁-၂၀၂၄)ရက်နေ့တို့တွင် ကျင်းပဆောင်ရွက်ခဲ့ပြီး စုစုပေါင်း(၃)ကြိမ်ဆောင်ရွက်ပြီးဖြစ်ပါသည်။ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် လုပ်ငန်းတိုးတက်မှု နှင့် နည်းပညာဆိုင်ရာ များ အကြံပြုဆွေးနွေးခြင်း၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အတည်ပြုဆွေးနွေးခြင်းစသည်တို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၄-၂၅ ဘဏ္ဍာနှစ် အတွင်းကျန်ရှိသည့် (၁)ကြိမ်အား ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
![]() | ![]() | ![]() |
ကွင်းအဆင့်အစည်းအဝေးကျင်းပခြင်း
စီမံကိန်းဧရိယာအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိ တွေ့ကြုံရသော အခြေအနေများကို ကွင်းအဆင့်ဆက်စပ်ကုမ္ပဏီများ၊ ဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်း (Site Level Meeting) ကိုလည်း (၄) ကြိမ် ဆောင်ရွက်ခဲ့ပြီး တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းက ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက် တို့ကို ဖော်ထုတ်စေ၍ ယခုထက်ပိုမိုတိုးတက်ကောင်းမွန်စေမည့် နည်းလမ်း များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
![]() | ![]() | ![]() |
လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး
စီမံကိန်းလုပ်ငန်းများ အချိန်နှင့်တပြေးညီ ပြီးစီးအောင်မြင်ရေး၊ ဒေသခံ ပြည်သူတို့၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေဖြစ်စေရေး၊ စီမံကိန်း ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လုံခြုံရေးနှင့် ထောက်ပံ့မှု ဆိုင်ရာများကို စဉ်ဆက်မပြတ်ကြီးကြပ်သုံးသပ်၍ စီမံကိန်း ပိုမိုတိုးတက် အောင်မြင်စေရေး ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းဝန်ထမ်းများ၏ လစဉ် လုပ်ငန်းတိုးတက်မှု/ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်း များ ညှိနှိုင်းဆွေးနွေးခြင်းကို လစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ၍ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
![]() | ![]() | ![]() |
![]() | ![]() | ![]() |
စီမံကိန်းလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးကော်မတီအစည်းအဝေး (PCC) ကျင်းပ ခြင်း
သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို (၂)ကြိမ် ကျင်းပရန်လျာထားပြီး (၈-၁၀-၂၀၂၄)ရက်နေ့တွင် (၁)ကြိမ် ကျင်းပခြင်းဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက် မည့် အစီအစဉ်များကို ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျန်ရှိသည့် (၁)ကြိမ်အား မတ်လအတွင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
![]() | ![]() | ![]() |