အသက်မွေးဝမ်းကျောင်းသင်တန်းများပေးခြင်း
တနင်္သာရီသဘာဝ ကြိုးဝိုင်းအတွင်းနှင့် သဘာဝကြိုးဝိုင်းအနီးတွင် စီမံကိန်း၏ လူမှုစစ်တမ်းကောက်ယူမှုများအရကျေးရွာပေါင်း (၄၄)ရွာ၊ အိမ်ထောင်စု (၄,၉၈၈) စုနှင့် လူဦးရေ (၂၆,၉၆၇) ဦးခန့် နေထိုင်လျက်ရှိပြီး အဓိက အားဖြင့် ထားဝယ်၊ ကရင်၊ မွန်နှင့် ဗမာလူမျိုးများနေထိုင်လျက်ရှိပါသည်။ သဘာဝကြိုးဝိုင်း အနီးနေထိုင်သည့် ဒေသခံပြည်သူများအနေဖြင့် သဘာဝကြိုးဝိုင်းအတွင်းရှိ သစ်တောကြီးများနှင့်ဇီဝမျိုးစုံမျိုးကွဲများအားထိခိုက်နိုင်သည့် အသက် မွေးဝမ်းကြောင်းမှုလုပ်ငန်းများ လျော့ချနိုင်ရန် စီမံကိန်းအနေဖြင့် သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းထုတ်လုပ်မှုသင်တန်းများဖြစ်သည့် ဝါး/ကြိမ် လက်မှုသင်တန်းပေးခြင်း၊ ဝဉမှစားသောက်ကုန်ထုတ်လုပ်သည့် သင်တန်းများပေးခြင်း၊ သဘာဝမြေသြဇာပြုလုပ်နည်းသင်တန်းများပေးခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း သင်တန်းများပေးခြင်း စသည့် အသက်အမွေးဝမ်းကြောင်းမှု သင်တန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ထို့ပြင် စီမံကိန်းမှဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် ဒေသခံများအား စီမံကိန်းဝန်ထမ်းများအဖြစ်ခန့်အပ်ခြင်း၊ ဒေသခပြည်သူများအား ငှားရမ်း ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများအား အလုပ်အကိုင်အခွင့်လမ်းများ ထောက်ပံ့ပေးလျက်ရှိပါသည်။
ပဥ္စမ (၅) နှစ်စီမံကိန်းကာလ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု
စဉ် | အကြောင်းအရာ | အရေအတွက် | လျာထား | ဆောင်ရွက်ပြီးစီး | မှတ်ချက် |
၁ | ဒေသခံပြည်သူများ လူမှုဘဝမြင့်မားရေး ဝဥစိုက်ပျိုး ထုတ်လုပ်ခြင်းသင်တန်း ဖွင့်လှစ်ပို့ချခြင်း
| ကြိမ် |
| ၁ |
|
ပဥ္စမ (၅) နှစ်စီမံကိန်းကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု
စဉ် | အကြောင်းအရာ | ရေတွက်ပုံ | လျာထား | ပြီးစီး | မှတ်ချက် |
| ဒေသခံပြည်သူများ၏ လူနေမှုဘဝတိုးတက်စေခြင်း ၊ ဇီဝမျိုးစုံမျိုးကွဲများ၏ တန်ဘိုးသိနားလည်စေခြင်း နှင့် နားလည်မှုတိုးတက်စေခြင်း | ||||
| ရေရရှိရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခြင်း | ရွာ | ၁ |
|
|
| စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများအတွက်အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ သင်တန်းများကျင်းပခြင်းနှင့် MSME (CFE) လုပ်ငန်းများဆောင်ရွက်နိုင်ရေး အရင်းမပျောက်မတည်ငွေ ကူညီပံ့ပိုး ခြင်း | ကြိမ် | ၅ |
|
|
| ဝဥသင်တန်းဖွင့်လှစ်ခြင်း | ကြိမ် | ၁ |
|
|
| ဈေးကွက်ဝင် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများစမ်းသပ် စိုက်ပျိုး ခြင်း( ဝဥ၊ ချဉ်ပေါင် ဖာလာ) | ကြိမ် | ၂ |
|
|
| ဇီဝမျိုးစုံမျိုးကွဲများအပေါ် တန်ဖိုးထားမှုနှင့် သဘောထားအမြင်များမြှင့် တင်နိုင်ရေး CF အဖွဲ့ဝင်များ အချင်းချင်း Exchange visit ပို့ဆောင်ခြင်း | ကြိမ် | ၂ |
|
|
ဒေသခံပြည်သူများ လူမှုဘဝမြင့်မားရေး ဝဥစိုက်ပျိုး ထုတ်လုပ်ခြင်းသင်တန်း ဖွင့်လှစ်ပို့ချခြင်း
ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပေးခြင်းအားဖြင့် ဒေသခံ ပြည်သူများက သဘာဝကြိုးဝိုင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ တန်ဖိုးကို သိမြင် နားလည်လာပြီး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက် လာစေရန် ရည်ရွယ်ချက်ဖြင့် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ပဉ္စမ (၄) နှစ် စီမံကိန်းကာလ၊ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်နှင့်အညီ “ဝဥစိုက်ပျိုး ထုတ်လုပ်ခြင်းသင်တန်း” ကို တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း၊ မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး အသိပညာပေးပြခန်း (EEC) နှင့် ရေပုံးစခန်းခွဲရုံး (ရေပုံး ကျေးရွာ) တွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မတ်လ (၆) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်တာ ဖွင့်လှစ်ပို့ချခဲ့ခြင် ဖြစ်ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ဝဥလုပ်ငန်းရှင်များအသင်းမှ ဝဥကျွမ်းကျင်ပညာရှင် (၂) ဦးက သင်တန်းနည်းပြများအဖြစ်ဆောင်ရွက်၍ စီမံကိန်းဧရိယာရှိ ဒေသခံပြည်သူ အစုအဖွဲ့ ပိုင်သစ်တောများမှ ဒေသခံ သင်တန်းသား/သူ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြပါသည်။ သင်တန်းတွင် ဦးလှသိန်း၊ ဝဥကျွမ်းကျင် ပညာရှင်က တက်ရောက်လာသည့် သင်တန်းသား/သူများအား ဝဥများ ပျိုးထောင်စိုက်ပျိုးခြင်း နှင့် ဝဥစိုက်ပျိုးသည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး မိကျောင်းလှောင်းကျေးရွာရှိ၊ ဌာနပိုင်မြေဧရိယာ (၂) ဧက တွင် ဝဥမျိုး၊ ဖူးတံစေ့၊ အရွက်သီး စိုက်ပျိုးခြင်းကို လက်တွေ့ သရုပ်ပြ ဆောင်ရွက်ပါသည်။ ဒေါ်အေးမိမော်၊ ဝဥကျွမ်းကျင်ပညာရှင်မှ စားသောက်ကုန် ပစ္စည်းများ ပြုလုပ်ခြင်းကို စာတွေ့/ လက်တွေ့ပို့ချခဲ့ပြီး ဝတုံပြုလုပ်ပုံ လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ဝဥကြော်၊ ဝဥသုပ် စသည့် စားသောက်ကုန်များ ပြုလုပ်ခြင်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ပြီး (၆-၃-၂၀၂၄)ရက်နေ့တွင် ရေပုံးကျေးရွာ မှ ဒေသခံများက ဝဥမှ ဝတုံပြုလုပ်ခြင်းကို ရေပုံးကျေးရွာတွင် လက်တွေ့ လာရောက်ပို့ချပေးပါရန် တင်ပြ တောင်းဆိုမှုအရ ၆-၃-၂၀၂ရက်နေ့တွင် ဒေါ်အေးမိမော်က ဝဥမှ ဝတုံပြုလုပ်ခြင်းကို ထပ်မံ၍ လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်ခဲ့ပါသည်။
ယခင်က မိရိုးဖလာ နည်းစနစ်များဖြင့် စိုက်ပျိုးခဲ့ကြရာ အထွက်နှုန်း နည်းပါးပြီး ဈေးကွက်ချိတ်ဆက်နိုင်မှု နှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရန် နည်းပညာ အားနည်း ခဲ့သော်လည်း ယခု “ ဝဥ စိုက်ပျိုး ထုတ်လုပ်ခြင်းသင်တန်း ”ဖွင့်လှစ်ပို့ချခြင်းဖြင့် ဝဥကို စနစ်တကျ စိုက်ပျိုး၍ ဝဥဈေးကွက်အကြောင်းကို ပိုမိုသိရှိလာပြီး ဝဥ စိုက်ပျိုးရန် ပိုမိုစိတ်ဝင်စားလာပါကြောင်း၊ စီမံကိန်းဧရိယာရှိ ကျေးရွာများတွင် အသေးစားနှင့် အလတ်စား (SMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အထောက်အကူပြုနိုင်ပါကြောင်း၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းအနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာစေရေးအတွက် အသက်မွေး ဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းအားဖြင့် စီမံကိန်းလုပ်ငန်းများတွင် ဒေသခံများ၏ ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေနိုင်ပါကြောင်းနှင့် လက်ရှိ ကာလ နယ်မြေလုံခြုံရေး အခြေအနေအရ တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း၊ မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးပြခန်းတွင် ဖွင့်လှစ်ပို့ချခဲ့ရသဖြင့် ကျေးရွာများမှ ဒေသခံများ လာရောက်ရာတွင် အခက်အခဲ အနည်းငယ် ဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံပြည်သူများ၏ တင်ပြတောင်းဆိုမှုအရ ကျေးရွာအရောက် ဖွင့်လှစ်ပို့ချပေးနိုင်ပါက ပိုမိုစိတ်ဝင်စားမှုရှိပြီး ထိရောက်မှု ရှိနိုင်ပါကြောင်း နှင့် ဝဥမှ စားသောက်ကုန် ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သည့် ဝဥ ကြိတ်စက်၊ Blender စသည်တို့ကို စီမံကိန်းအနေဖြင့် ပံ့ပေးသင့်ပါကြောင်း သုံးသပ်တင်ပြအပ် ပါသည်။
![]() | ![]() | ![]() |
![]() | ![]() | ![]() |
![]() | ![]() | ![]() |