Skip to main content

ကြိမ်မျိုးစိတ်များ စာရင်းကောက်ယူခြင်း သင်တန်းကျင်းပခြင်း

        တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ပေါက်ရောက်လျက်ရှိသည့် ကြိမ်မျိုးစိတ်များအား လေ့လာသိရှိ စေနိုင်ရန်နှင့် စီမံကိန်းဝန်ထမ်းများ၊ စိတ်ပါဝင်စားသည့်ဒေသခံများအနေဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြှင့်မားတိုးတက်စေရန် ရည်ရွယ်၍ ကြိမ်မျိုးစိတ်များ စာရင်း ကောက်ယူခြင်း သင်တန်းကို (၈-၆-၂၀၂၆) ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးခန်းမ၊ မိကျောင်းလှောင်း စခန်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောသုတေသနဌာနခွဲ၊ ရေဆင်း၊ နေပြည်တော်မှ သုတေသနအရာရှိ၊ ဦးအောင်ဇော်မိုးမှ စာတွေ့လက်တွေ့ သင်တန်းပို့ချခဲ့ပြီး စီမံကိန်းဝန်ထမ်းများ၊ စိတ်ပါဝင်စားသည့်ဒေသခံများ စုစုပေါင်း (၁၇) ဦး တက်ရောက်၍ ဝါး၊ ကြိမ် နှင့်ပတ်သက်၍ အသုံးချနိုင်မှု အခြေအနေများ၊ ဈေးကွက် အခြေအနေများ၊ ထိန်းသိမ်းဆောင်ရွက်ရမည့်နည်းလမ်းများ၊ ပြုစုစိုက်ပျိုးရမည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပို့ချခဲ့ပါသည်။