Skip to main content

တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဆဋ္ဌမ (၄) နှစ်တာ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ပူးပေါင်းရေးဆွဲရေး ကြီးကြပ်ကော်မတီအစည်းအဝေး ကျင်းပခြင်း

တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဆဋ္ဌမ (၄) နှစ်တာ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ပူးပေါင်းရေးဆွဲရေး ကြီးကြပ်ကော်မတီအစည်းအဝေး ကျင်းပခြင်း

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊  တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းသည် သစ်တောဦးစီးဌာနရှိ ဘာသာရပ်ကျွမ်းကျင် ပညာရှင်များဖြင့် ဋ္ဌမ (၄) နှစ်တာစီမံကိန်းအုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (Operational Management Plan Phase VI)ကို    ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။  တနင်္သာရီ သဘာဝ ကြိုးဝိုင်းလုပ်ငန်းစီမံကိန်းဋ္ဌမ (၄) နှစ်တာ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် ပူးပေါင်းရေးဆွဲရေး ကြီးကြပ်ကော်မတီအစည်းအဝေးကို (၂၈-၈-၂၀၂၅) ရက်နေ့ (ကြာသာပတေးနေ့) နေ့လည် (၁၁:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊‌ ဒေါက်တာသောင်းနိုင်ဦးမှ တက်ရောက် အဖွင့်အမှာ စကား ပြောကြား ခဲ့ပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ညွှန်ကြား‌ရေးမှူးများနှင့် စီမံချက်ရေးဆွဲရေး အဖွဲ့ဝင်များ၊ စီမံကိန်းဝန်ထမ်းများတက်ရောက်ခဲ့ပြီး စီမံကိန်းဒါရိုက်တာမှ Operational Management Plan Phase VI ရေးဆွဲခြင်းအစီအစဉ်များအား တင်ပြခဲ့ပြီး စီမံချက်ရေးဆွဲရေး အဖွဲ့များမှ သက်ဆိုင်ရာကဏ္ဍများအလိုက် စီမံချက်ရေးဆွဲမည့် အစီအစဉ်များ၊ ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။