သဘာဝတောထိန်းသိမ်းခြင်းလုပ်ငန်းများ
နယ်နိမိတ်သတ်မှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း
တနင်္သာရီသဘာဝကြိုးဝိုင်းနယ်နိမိတ်တစ်လျှောက်ရှိ ဘုတ်တိုင်အမှတ် (၁၁၉၊ ၁၄၄၊ ၁၆၄၊ ၁၆၅၊ ၁၆၆၊ ၁၆၇၊ ၁၆၈၊ ၁၆၉၊ ၁၇၀၊ ၁၇၁၊ ၁၇၂၊ ၁၇၃) စုစုပေါင်း ဘုတ်တိုင် (၁၂) တိုင်ကို ပြင်ဆင်ခြင်း၊ တနင်္သာရီသဘာဝ ကြိုးဝိုင်းအဝင်တွင် ဆိုင်းဘုတ်များ အသစ်စိုက်ထူခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းများကို မိကျောင်း လှောင်း၊ ရေပုံး၊ အလယ်စခန်းနှင့် ရာဖူး စခန်းခွဲ ဧရိယာများတွင် ဆောင်ရွက်ခဲ့ ပါသည်။
![]() | ![]() | ![]() |
![]() | ![]() | ![]() |
တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း ရေပုံးစခန်းခွဲဧရိယာတွင် ရေပုံးဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောအသုံးပြုသူများအဖွဲ့နှင့် ပူးပေါင်း၍ CF အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် နှင့်အညီ ဓမ္မတာ မျိုးဆက်ဆောင်ရွက်ပေးခြင်း (၁၀၀) ဧကကို ဆောင်ရွက်ခဲ့ပါသည်။
စီမံကိန်း၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် ဒေသခံပြည်သူများ၏ လူမှု စီးပွားရေး နှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပေးခြင်းအားဖြင့် ဒေသခံပြည်သူများက သဘာဝကြိုးဝိုင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ တန်ဖိုးကို သိမြင်နားလည်လာပြီး ထိန်းသိမ်းရေး လုပ်ငန်း များတွင် ပိုမိုပူးပေါင်းပါဝင် ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ဓမ္မတာ မျိုးဆက် ဆောင်ရွက်ပေးခြင်း (၁၀၀) ဧကကို ဒေသခံများအတွက် Cash for Work အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
![]() | ![]() | ![]() |
![]() | ![]() | ![]() |
![]() | ![]() | ![]() |
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တနင်္သာရီသဘာဝကြိုးဝိုင်းနယ်နိမိတ်တစ်လျှောက်ရှိ သက္ကယ်ကွက်၊ ရေပုံးနှင့် မိကျောင်းလှောင်းစခန်းခွဲဧရိယာများတွင် သဘာဝကြိုးဝိုင်း နယ်နိမိတ်ဘုတ်တိုင် (၅) တိုင် ပြင်ဆင်ခဲ့ပြီး မိကျောင်းလှောင်း၊ ဇင်းဘာ (၃)နှင့် သက္ကယ်ကွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများတွင် နယ်နမိတ် ဘုတ်တိုင် (၁၀) တိုင် ပြင်ဆင်ခြင်း ဆောင်ရွက်ခဲ့ပါသည်