ရေ/မြေသယံဇာတထိန်းသိမ်းခြင်းလုပ်ငန်းများ
မြေဆီလွှာထိန်းသိမ်းခြင်း
Service track ဧရိယာတွင် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း
ဓါတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးလမ်းကြောင်း (Service track) ဘေးရှိ တော အတန်းအစားကျဆင်းသည့် ဧရိယာများတွင် ၂၀၂၄ခုနှစ်၊ မိုးရာသီတွင် ကွက်လပ် ဖြည့်စိုက်ပျိုးခြင်း(၁၅)ဧက ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
![]() | ![]() | ![]() |
ဓါတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးလမ်းကြောင်း (Service track) ဘေးရှိ တောအတန်းအစားကျဆင်းသည့် ဧရိယာများတွင် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း (၁၅) ဧက ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ်တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် ပျဉ်းကတိုး (၅၀၀၀) ပင်၊ သစ်ရှို (၁၀၀၀) ပင်၊ သင်္ကန်း (၁၁၀၀) ပင်၊ ကတွတ် (၅၀၀) ပင်၊ ကညင် (၅၀၀) ပင်၊ စုစုပေါင်း (၈၁၀၀) ပင်ကို ပန္နက်အကွာအဝေး (၉ပေ x ၉ ပေ) ဖြင့် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း (၁၅) ဧက စိုက်ပျိုးခဲ့ပါသည်။
![]() | ![]() | ![]() |
![]() | ![]() | ![]() |
မြေဆီလွှာတိုက်စားမှုတားဆီးကာကွယ်ရေးအတွက် နုန်းတားဆည်များ တည်ဆောက်ခြင်း
ဓါတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးလမ်းကြောင်း (Service track မြေဆီလွှာတိုက်စားမှု တားဆီးကာကွယ်ရေးအတွက် နုန်းတားဆည် (၂) ခု (၂၅ ပေ x ၂ ပေ x ၅ ပေ )တည်ဆောက်ခဲ့ပါသည်။
![]() | ![]() | ![]() |
![]() | ![]() | ![]() |
မြေဆီလွှာထိန်းသိမ်းခြင်းနည်းလမ်းများအလုပ်ရုံဆွေးနွေးပွဲ၊ သင်တန်းများပေးခြင်း
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကုန်ကျစရိတ်သက်သာသော မြေဆီလွှာ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး နုန်းတားဆည် တည်ဆောက်မည့် နေရာများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
![]() | ![]() | ![]() |
ရေသယံဇာတများကို ထိန်းသိမ်းခြင်း
သစ်တောသုတေသနဌာနနှင့် ပူးပေါင်း၍ သောက်သုံးရေအရင်းအမြစ် များ၏ ရေအရည်အသွေးတိုင်းတာခြင်း
တနင်္သာရီ သဘာဝကြိုးဝိုင်း စီမံကိန်း ၊ စီမံကိန်းဧရိယာရှိ ဒေသခံပြည်သူများ သောက်သုံးရေအတွက် မှီခိုအားထားနေရသည့် ဇင်းဘာချောင်း (ခန့်မှန်းမြေပုံညွှန်း - 14° 38' 39.42" N, 98° 11' 2.38"E) နှင့် ဇင်းဘာချောင်းနှင့် ထားဝယ်မြစ်ဆုံ (ခန့်မှန်းမြေပုံညွှန်း - 14° 37' 57.92" N, 98° 8' 23.6" E) တည်နေရာများတွင် (Heavy Metals) သတ္ထုဓါတ် (၁၀) မျိုးနှင့် Organophosphorus Pesticides ပိုးသတ်ဆေးဓါတ်ကြွင်း (၁၂) မျိုး ပါဝင်မှုနှင့် ရွှေသတ္တုတူးဖော်ပြီးနောက် စွန့်ပစ်မြေဧရိယာများရှိ ရေအရည်အသွေးအား သိရှိနိုင်ရေးအတွက် သစ်တောသုတေသနဌာန (ရေဆင်း) ရှိ Water Quality Laboratory, Yezin သို့ ရေနမူနာများ ပေးပို့၍ စမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဓာတ်ခွဲစမ်းသပ်တွေ့ရှိချက်များအရ ရေနမူနာများ၏ Heavy metal ပါဝင်မှု ဓာတ်ခွဲရလဒ်များသည် WHO Drinking Water Quality Standards နှင့် National Drinking Water Quality Standards (Myanmar) ၏ သောက်သုံးရေ စံနှုန်းသတ်မှတ်ချက်ထက် ကျော်လွန်ခြင်းမရှိပါသဖြင့် ထားဝယ်မြစ်နှင့် ဇင်းဘာချောင်းရေများတွင် ဖော်ပြပါ Heavy Metal များကြောင့် ညစ်ညမ်းမှုမရှိပဲ ကောင်းမွန်သော အခြေအနေတွင်ရှိကြောင်း သစ်တောသုတေသနဌာနမှ သုံးသပ်ခဲ့ပါသည်။
![]() | ![]() | ![]() |
ငြိမ်းချမ်းရေးသစ်တောများ တည်ထောင်ခြင်း
၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် တည်ထောင်စိုက်ပျိုးခဲ့သည့် သဘာဝ တော တန်ဖိုးမြှင့်ကွက်လပ်ဖြည့်စိုက်ခင်း(၁၀)ဧကအား ပေါင်းရှင်းခြင်း၊ မီးကာကွယ် ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ခန့်မှန်းမြေပုံညွှန်း(14° 55' 7.85"N, 98° 4' 32.49"E)၌ ဆက်စပ် အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် ငြိမ်းချမ်းရေး သစ်တော (၁၅) ဧက တည်ထောင်စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စီမံကိန်း ကာလ အတွင်း ပျိုးဥယျာဉ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ မြေတိုင်းတာခြင်း၊ တောင်ယာ ခုတ်၊ မီးကာကွယ်၊ မီးရှို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
![]() | ![]() | ![]() |
![]() | ![]() | ![]() |