Skip to main content

အသိပညာပေးလုပ်ငန်းများ

သစ်တော၊ ဇီဝမျိုးစုံ မျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း

တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်းအနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆိုင်ရာ ပညာပေးစည်းရုံးခြင်းလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိရာ တနင်္သာရီသဘာဝကြိုးဝိုင်းဧရိယာရှိ သဘာဝဂေဟစနစ်များမှ ထောက်ပံ့ပေး သည့် အကျိုးကျေးဇူးများ၊  ရှင်သန် ကျက်စားသည့် ဇီဝမျိုးစုံမျိုးကွဲများနှင့် စီမံကိန်းမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သဘာဝထိန်းသိမ်း ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာဗဟုသုတများကို ဒေသခံ ပြည်သူများ ပိုမိုသိရှိနားလည်လာစေရန် ရည်ရွယ်၍ ဥယျာဉ်အုပ်ချုပ်ရေးမှူးရုံး အခြေစိုက်ရာ ရေဖြူမြို့နယ်၊ ကံ့ကော်တောင်ကျေးရွာရှိ ဓမ္မပါလ ဘုန်းတော်ကြီး ကျောင်း၊  ဓမ္မစကူးလ် သင်တန်းမှ ဆရာ/ ဆရာမ (၁၅) ဦးနှင့် ကျောင်းသား/သူ (၃၅၀) ဦးခန့်အား ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြော ပွဲ (၁)ကြိမ်ကို (၂၁-၁-၂၀၂၄) ရက်နေ့ တွင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ 

တောမီးငြှိမ်းသတ်ရေး သင်တန်းများ ပေးခြင်း နှင့် အထောက်အကူပြုလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း

ကျေးရွာများနှင့်ဆက်စပ်လျက်ရှိသော သစ်တောဧရိယာများတွင် တောမီးလောင် ကျွမ်းမှုမရှိစေရေးအတွက်  ရာဖူး၊ မိကျောင်းလှောင်း၊ ရေပုံးနှင့်သက္ကယ်ကွက် ကျေးရွာမှ ဒေသခံများအား တောမီးကာကွယ်ရေး ဟောပြောပွဲများ ဆောင်ရွက် ခဲ့ပြီး အလွယ်တကူ အသုံးပြုနိုင်သည့် လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘက်ထရီ ရေဖြန်းပုံး၊ ပလပ်စတစ် ရေပုံး၊ ထွန်ခြစ်၊ တံမြက်စည်း စသည်တို့ကို ပံ့ပိုးခဲ့ပါ သည်။


တောမီးဘေး အန္တရာယ် ကာကွယ်ရေး လုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် လာစေရန် အသိပညာပေး ဟောပြောခြင်း

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကလိန်အောင်မြို့၊ မီးသတ် ဦးစီးဌာနရှိ တာဝန်ရှိ ဝန်ထမ်းများမှ ရာဖူး၊ မိကျောင်းလှောင်း၊ ရေပုံးနှင့် သက္ကယ် ကွက် ကျေးရွာမှဒေသခံ(၂၀)ဦးနှင့်  စီမံကိန်းဝန်ထမ်းများအား မိကျောင်းလှောင်း စခန်းခွဲရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးခန်းမ၌ အသိပညာပေး ဟောပြောခြင်း၊ တောမီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်ခဲ့ ပါသည်။  

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးခြင်း

တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ (၁၈-၂-၂၀၂၅) ရက်နေ့တွင် အခြေခံပညာမူလတန်းလွန်ကျောင်း (ရေပုံး) ၌ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ  ကျင်းပခြင်းဆောင်ရွက်ခဲ့ပါသည်။