ပျိုးဥယျာဉ်လုပ်ငန်းများ
သစ်တောပျိုးပင်များ ပျိုးထောင်ဖြန့်ဝေခြင်း
၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် လူထုဖြန့်ပျိုးပင်၂၅၇၂ပင်( သစ်တောသစ်ပင် ၂၃၂၀ ပင်၊ ဝင်ငွေတိုးသီးပင်စားပင် (၂၄၂) ပင်၊ ဒေသမျိုးရင်းသစ်မျိုး(၁၀)ပင်) အား ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော (၃)ဖွဲ့၊ ကျေးရွာ(၅) ရွာ ရှိ ဒေသခံပြည်သူများ နှင့် မိတ်ဖက် ကုမ္ပဏီများနှင့် ဆက်စပ်ဌာနများသို့ ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေနိုင်ရေးနှင့် သဘာဝ ကြိုးဝိုင်းအတွင်း ကွက်လပ်ဖြည့်စိုက်ပျိုးနိုင်ရေး ပျဉ်းကတိုးပင် (၂၂,၀၀၀) ပင် ပျိုးထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
![]() | ![]() | ![]() |
စီမံကိန်းဧရိယာအတွင်း သစ်တောဖုံးလွှမ်းမှုနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အကူဖြစ်စေရန်၊ ဒေသခံများ၏ ထိန်းသိမ်းရေးအသိစိတ်ဓါတ်များ တိုးမြှင့်လာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလအတွင်း ဒေသမျိုးရင်းသစ်တောသစ်ပင် (၂၂၀၀၀) ပင်နှင့် ဝင်ငွေတိုးသီးပင်စားပင် (၁၀၀၀) ပင်ကို ဒေသခံများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောအဖွဲ့များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဆက်စပ် ကုမ္ပဏီ/ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များသို့ ဖြန့်ဝေပေးခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း သစ်တောသစ်ပင် (၅၀၀၀၀) ပင်နှင့် ဝင်ငွေတိုး သီးပင်စားပင် (၅၀၀၀) ပင်ကို တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ ပျိုးထောင်ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။
![]() | ![]() | ![]() |
![]() | ![]() | ![]() |
ဝင်ငွေတိုးသီးပင်စားပင်များ ဝယ်ယူခြင်း
၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် စီမံကိန်းဧရိယာရှိ ဒေသခံပြည်သူများအား ဖြန့်ဝေ စိုက်ပျိုးနိုင်ရေးနှင့် ဒေသခံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ဒူးရင်း (၁၅၀) ပင်၊ မင်းဂွတ် (၃၀၀) ပင်၊ ကြက်မောက် (၄၅၀) ပင်နှင့် သံပုရာ (၁၀၀) ပင်၊ စုစုပေါင်း(၁၀၀၀) ပင်အား ရေဖြူမြို့နယ်၊ မိကျောင်းလှောင်းကျေးရွာရှိ အောင်ဇမ္ဗူ ကိုကိုးထွက်ကုန် ပစ္စည်းများနှင့် ဥယျာဉ်ခြံ ပျိုးပင်အရောင်းဆိုင်မှ ဝယ်ယူ၍ မိကျောင်းလှောင်း အမြဲတမ်းပျိုးဥယျာဉ်တွင် ပြုစုပျိုးထောင်ထား ရှိပါသည်။
![]() | ![]() | ![]() |
ပျိုးဥယျာဉ်တိုးချဲ့တည်ထောင်ခြင်း၊ပြုပြင်ခြင်း၊လက်ကျန်ပျိုးပင်များပြုစုထိန်းသိမ်း ခြင်း
ဒေသမျိုးရင်းသစ်မျိုးများအား ပြုစုထိန်းသိမ်းနိုင်ရေးအတွက် ယာယီ ပျိုးစင် (၂) စင် တည်ဆောက်ခြင်း၊ ယခင်နှစ်လက်ကျန် ပျိုးပင်(၁၇၀၀၀) ပင်အား (၈”x၆”) ပျိုးအိတ်သို့ ကူးပြောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။
![]() | ![]() | ![]() |
![]() | ![]() | ![]() |