Skip to main content

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော စီမံခန့်ခွဲမှု ကော်မတီဝင် များအား အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခြင်း

စီမံကိန်းဧရိယာအတွင်း တည်ထောင်ပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော စီမံခန့်ခွဲမှုကော်မတီဝင်များအား အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို လစဉ် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း (၁၂) ကြိမ် ဆောင်ရွက်နိုင် ခဲ့ပါသည်။ 
 ပြည်သူအခြေပြု သဘာဝသယံဇာတများ စီမံအုပ်ချုပ်မှုလုပ်ငန်းများတွင် ပံ့ပိုး ကူညီရန်အတွက် အရင်းမပျောက်မတည်ငွေများကို ကျေးရွာများသို့ ပံ့ပိုးကူညီ လျက် ရှိပြီး စခန်းခွဲတာဝန်ခံများမှ စခန်းခွဲဧရိယာအတွင်းရှိ CF အဖွဲ့များ၏ အရင်းမပျောက်မတည်ငွေများအား ကြီးကြပ်စစ်ဆေးခြင်း ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် အခြားအသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အခြေအနေ များကို စည်းရုံးဆောင်ရွက်ခဲ့ပါသည်။ 
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ တည်ထောင် ပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော (၁၂) ခု အနက် ရာဖူး၊ သာယာမွန်၊ မိကျောင်းလှောင်း၊ ဇင်းဘာ( ၁ ၊ ၂ ၊ ၃) ၊ ရေပုံး၊ သက္ကယ်ကွက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောများစီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်နိုင်ခဲ့ပြီး ကျောက်ရှပ်၊ နှမ်းကျဲ (၁၊၂)၊ ဥဿရံ ဒေသခံပြည်သူ အစုအဖွဲ့ ပိုင် သစ်တောများစီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိခဲ့ ပါ။ 

    စီမံကိန်းဧရိယာအတွင်း တည်ထောင်ပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော စီမံခန့်ခွဲမှုကော်မတီဝင်များအား အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် (၂၇) ကြိမ် ဆောင်ရွက်ပြီးဖြစ်ပါသည်။ 
        ပြည်သူအခြေပြု သဘာဝသယံဇာတများ စီမံအုပ်ချုပ်မှုလုပ်ငန်းများတွင် ပံ့ပိုးကူညီရန်အတွက် အရင်းမပျောက်မတည်ငွေများကို ကျေးရွာ များသို့ ပံ့ပိုးကူညီလျက်ရှိပြီး စခန်းခွဲတာဝန်ခံများမှ စခန်းခွဲဧရိယာအတွင်းရှိ CF အဖွဲ့များ၏ အရင်းမပျောက်မတည်ငွေများအား ကြီးကြပ်စစ်ဆေးခြင်း ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် အခြားအသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည့်အခြေအနေများကို စည်းရုံးဆောင်ရွက်ခဲ့ပါသည်။