ရာသီဉတုပြောင်းလဲမှုလျော့ချရေးနှင့်လိုက်လျောညီထွေသည့်နည်းလမ်းများ
မီးကာကွယ်ခြင်း (သစ်မျိုးစုံစိုက်ခင်း၊ ဒေသမျိုးရင်းနှင့် တောရိုင်း တိရစ္ဆာန် အထောက်အကူပြုစိုက်ခင်းများ စသည်)
၂၀၁၈ ခုနှစ်တွင် တည်ထောင်စိုက်ပျိုးခဲ့သည့် ဒေသမျိုးရင်း သစ်မျိုးစုံ စိုက်ခင်း (၁၀) ဧကနှင့် ဓါတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးလမ်း (Service track) ရှိ ဒေသမျိုးရင်းနှင့်တောရိုင်းတိရစ္ဆာန်အထောက်အကူပြုစိုက်ခင်း(၁၄.၅)ဧကတွင် မီးကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ဓါတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးလမ်း (Service track) တွင် “တောမီးမရှို့ရ” သတိပေးဆိုင်းဘုတ်များပြုလုပ်၍ တောမီးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက် ခဲ့ပါသည်။
![]() | ![]() | ![]() |
![]() | ![]() | ![]() |
သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ဒေသခံ ပြည်သူများအား ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေ ရှိသည့် သင်တန်းဖွင့်လှစ်ပို့ချခြင်း
တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းသည် ဇီဝမျိုးစုံမျိုးကွဲများရေရှည် တည်တံ့ စေရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းကာကွယ်ခြင်း နှင့် ဒေသခံ ပြည်သူ များ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သဘာဝကြိုးဝိုင်းကာကွယ် ထိန်းသိမ်းခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ် သည့် ရွှေ့ပြောင်းတောင်ယာ လျှော့ချရေးလုပ်ငန်းအဖြစ် သီးနှံသစ်တော ရောနှော စိုက်ပျိုးခြင်း အထောက်အကူပြု သဘာဝမြေသြဇာပြုလုပ်ခြင်း နည်းလမ်းများ အား ကြိုးဝိုင်းစီမံအုပ်ချုပ်မှုအဖွဲ့၏ လမ်းညွှန်ချက် များနှင့်အညီ “သီးနှံ သစ်တောရောနှောစိုက်ပျိုးခြင်း အထောက်အကူပြု သဘာဝမြေဩဇာပြုလုပ်ခြင်း သင်တန်း” ကို YADANA CSR နှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ထိ (၂) ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းသို့ စီမံကိန်းဧရိယာရှိ ရာဖူး၊ သက္ကယ်ကွက်၊ ဇင်းဘာ (၁)၊ မိကျောင်းလှောင်းနှင့် ရေပုံး ဒေသခံပြည်သအစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူ များ အဖွဲ့မှ သင်တန်းသား/သူ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပြီး EM ၊ ငါးအမိုင်နို၊ ဒိုချက်ကင်စသည့် သဘာဝ မြေဩဇာ ပြုလုပ်ခြင်း နည်းလမ်းများကို ဦးခင်မောင်လတ် (CD Assistant, YADANA CSR) မှ စာတွေ့/ လက်တွေ့ သင်ကြားပို့ချခဲ့ပါသည်။
သီးနှံမျိုးစေ့နှင့်သဘာဝမြေဩဇာဖြန့်ဝေပေးခြင်း
သဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရေးနှင့် မိမိတို့ သက်ဆိုင်ရာကျေးရွာ အလိုက် ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချနိုင်ရေး လိုအပ်သော ကုန်ကြမ်း ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် သင်တန်းသို့ တက်ရောက်လာသည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောအသုံးပြုသူများအဖွဲ့ (၁) ဖွဲ့လျှင် ငွေကျပ် ၅၀၀,၀၀ဝိ/- နှုန်း ဖြင့် အဖွဲ့(၅)ဖွဲ့သို့ စုစုပေါင်း ၂၅ သိန်းကျပ်ကို စီမံကိန်းမှ ပံ့ပိုးပေးအပ်ခဲ့ပါသည်။
![]() | ![]() | ![]() | ![]() |
![]() | ![]() | ![]() | ![]() |
တောမီးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများပူးပေါင်းပါဝင်လာစေရန် အသိပညာပေးခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုး ပေးအပ်ခြင်း
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းအနေဖြင့် ကျေးရွာများနှင့်ဆက်စပ်လျက်ရှိသော သစ်တော ဧရိယာများတွင် တောမီးလောင်ကျွမ်းမှုမရှိစေရေးအတွက် မိကျောင်းလှောင်းရွာဟောင်းနှင့် ဇင်းဘာကျေးရွာများမှ ဒေသခံများအား ကလိန်အောင်မြို့၊မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေး၊ တောမီးအန္တရာယ် ကာကွယ်ရေး နှင့် ပတ်သက်၍ အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး တောမီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်း၊ တောမီးငြှိမ်းသတ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးအပ်ခြင်း ဆောင်ရွက်ခဲ့ပါသည်။
![]() | ![]() | ![]() |
![]() | ![]() | ![]() |
သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းအတွက် သီးနှံမျိုးစေ့နှင့် အပင်များ ဖြန့်ဝေပေးခြင်း
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စီမံကိန်းဧရိယာအတွင်း ဒေသခံများ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း အထောက်အကူပြုနိုင်ရေးအတွက် ဒေသခံများအား ဝဥမျိုးစေ့များပံ့ပိုးပေးခြင်း၊ သစ်တောပျိုးပင်နှင့် ဝင်ငွေတိုးသီးပင်စားပင်များ ပံ့ပိုးခြင်း ဆောင်ရွက်ခဲ့ပြီး မိကျောင်းလှောင်းကျေးရွာရှိ ဌာနပိုင်မြေ (၂) ဧကတွင် ဝဥစိုက်ပျိုးခြင်း သရုပ်ပြဥယျာဉ်ကို တည်ထောင်ခဲ့ပါသည်။
![]() | ![]() | ![]() |
![]() | ![]() | ![]() |