Skip to main content

သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့်ပြုစုထိန်းသိမ်းခြင်း

သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့်ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း

တနင်္သာရီသဘာဝကြိုးဝိုင်း၊ မရမ်းချောင်းစခန်းခွဲဧရိယာရှိ တောအတန်းအစား ကျဆင်းလျက်ရှိသည့် ဧရိယာတွင် ပျဉ်းကတိုး သစ်မျိုး (၇၀) ပင် ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ ပါသည်။  
 

ရာဖူးကျေးရွာ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူများ အဖွဲ့နှင့် ပူးပေါင်း၍ ဟိန္ဇဲ-ကလိန်အောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၂၆)ရှိ ရာဖူး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာ၊ တောနိမ့်/တောပျက်နေရာများတွင် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် နှင့်အညီ ပျဉ်းကတိုးစိုက်ခင်း (၅) ဧက တည်ထောင်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ခြင်း လုပ်ငန်းများဖြစ်သည့် ပျိုးဥယျာဉ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မြေတိုင်းတာ ခြင်း၊ တောင်ယာခုတ်ခြင်း၊ မီးကာကွယ်ခြင်း၊ မီးရှို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ ပျဉ်းကတိုးစိုက်ခင်းကို ပန္နက်အကွာအဝေး (၆’x၆’) ဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် တည်ထောင်စိုက်ပျိုးပြီးဖြစ်ပါသည်။ 

 

စိုက်ခင်းဟောင်းများ ပြုစုထိန်းသိမ်းခြင်း(ပေါင်းရှင်းခြင်း)

စိုက်ခင်းဟောင်းများ ပြုစုထိန်းသိမ်းခြင်းအနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒေသမျိုးရင်း သစ်မျိုးစုံစိုက်ခင်း (၁၀) ဧကနှင့် ဓါတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းရေးလမ်း (Service Track) တစ်လျှောက်ရှိ စိုက်ခင်းဟောင်းများ (၁၄.၅) ဧက ပေါင်းရှင်းခြင်း လုပ်ငန်း များ ဆောင်ရွက်ခဲ့ပါ သည်။

 

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဓာတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးလမ်း၊ ကျောက်လုံးကြီးဧရိယာ၌ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ရေးစိုက်ခင်း  (၅) ဧက၊ ပျဉ်းကတိုး (၁၀၀၀) ပင်ကို တည်ထောင်စိုက်ပျိုးခဲ့ပါသည်။ 

ငြိမ်းချမ်းရေးသစ်တောများ တည်ထောင်ခြင်း 

၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် တည်ထောင်စိုက်ပျိုးခဲ့သည့် သဘာဝတောတန်ဖိုးမြှင့်ကွက်လပ်ဖြည့်စိုက်ခင်း(၁၀)ဧကအား ပေါင်းရှင်းခြင်း၊ မီးကာကွယ် ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် ငြိမ်းချမ်းရေး သစ်တော (၁၅) ဧက တည်ထောင်စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စီမံကိန်းကာလ အတွင်း ပျိုးဥယျာဉ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ မြေတိုင်းတာခြင်း၊ တောင်ယာခုတ်၊ မီးကာကွယ်၊ မီးရှို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ မိုးရာသီကာလအတွင်း ဆက်စပ်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးသစ်တောစိုက်ခင်း (၁၅) ဧက တည်ထောင်စိုက်ပျိုးနိုင်ရေး အတွက် လိုအပ်သည့် ပျိုးပင်များကို ပံ့ပိုးပေးအပ်ခဲ့ပါသည်။