Skip to main content

သစ်ပင်စိုက်ပွဲများကျင်းပခြင်း

နေရင်းဒေသပြန်လည်တည်ထောင်ရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာ/ အဖွဲ့အစည်းများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများ ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန်များ၏       နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် “နေရင်းဒေသ ပြန်လည်တည်ထောင်ရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ” ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဓာတ်ငွေ့ ပိုက်လိုင်းထိန်းသိမ်းရေးလမ်း (Service track) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါမိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲအခမ်းအနားသို့ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ ဥယျာဉ်အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းဝန်ထမ်းများ၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ မိတ်ဖက်ကုမ္ပဏီ/ အဖွဲ့အစည်းများ၊ ရဲတံခွန်လူမှုစီးပွားစီမံကိန်းမှနှင့် ဒေသခံပြည်သူ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ပျဉ်းကတိုး (၃၅၀) ပင်၊ ပိတောက် (၁၀၀) ပင် အပါအဝင် ဒေသမျိုးရင်းသစ်မျိုး (၇၀၀) ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။

၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ

             သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့ များ၊ ဆက်စပ်ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၊ စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများ၊ အ.ထ.က (ကလိန်အောင်) မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ များ စုပေါင်း၍  “၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲ” ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။   

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ ဥယျာဉ်အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းဝန်ထမ်းများ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်စားလှယ်အရာရှိများ၊ PTTEP International Limited မှ Site Manager Mr.Pricha Chitta၊ ရတနာ လူမှုစီးပွားစီမံကိန်းဝန်ထမ်းများ၊ ရဲတံခွန်လူမှုစီးပွားစီမံကိန်းဝန်ထမ်းများ၊ ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၊  ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများအပါအဝင် စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ကြပြီး ပျဉ်းကတိုး (၂၀၀) ပင်၊ ကံ့ကော် (၇၀) ပင်၊ သပြေ (၄၀) ပင်၊ ပိတောက် (၃၀) ပင်၊ တမလန်း (၁၀) ပင်၊ စုစုပေါင်း (၃၅၀) ပင် စိုက်ပျိုးခဲ့ကြပါသည်။

 

ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာတွင် ရာဖူးဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူ များအဖွဲ့နှင့် ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအဖြစ် ပျဉ်းကတိုး (၅၃၀) ပင်၊ ခရေ (၂၅) ပင်၊ ကံ့ကော် (၂၅) ပင် နှင့် ကြက်မောက် (၂၀) ပင် စုစုပေါင်း (၆၀၀)ပင်ကို စိုက်ပျိုးခဲ့ပါသည်။     

 

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ မှ ၂၀၂၄ မိုးရာသီတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာ/ အဖွဲ့အစည်းများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများ ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့်  “နေရင်းဒေသပြန်လည် တည်ထောင်ရေး မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ”ကျင်းပခဲ့ပြီး ဒေသမျိုးရင်းသစ်မျိုးများနှင့် တောရိုင်းတိရစ္ဆာန်အထောက်အကူပြုသစ်မျိုးများဖြစ်ကြသည့် ပျဉ်းကတိုး (၅၀၀) ပင်၊ ဥပန်းကရား (ဖွတ်မတက်)  (၂၀၀) ပင်၊ တောင်ကံ့ကော် (၁၀၀) ပင်၊ သင်္ကန်း (၁၀၀) ပင်၊ သပြေ (၁၀၀) ပင်၊ ကညင် (၄၀) ပင်၊ သစ်ရှို (၄၀) ပင် စုစုပေါင်း (၁,၀၈၀) ပင် စိုက်ပျိုးခဲ့ပါသည်။ 

ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကလိန်အောင်မြို့၊ အောင်သီရိဘုရားဝန်းတွင် ကျင်းပခဲ့ပြီး ပျဉ်းကတိုး (၁၀၀) ပင်၊ သင်္ကန်း (၁၀၀) ပင်၊ ကံ့ကော် (၁၀၀) ပင်၊ ခရေ (၁၀၀) ပင်၊ သပြေ (၇၀) ပင်၊ သင်းဝင် (၇၀) ပင်၊  စုစုပေါင်း (၅၄၀) ပင်ကို စိုက်ပျိုးခဲ့ပါသည်။