Skip to main content

သစ်ပင်စိုက်ပွဲများကျင်းပခြင်း

ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာတွင် ရာဖူးဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူ များအဖွဲ့နှင့် ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအဖြစ် ပျဉ်းကတိုး (၅၃၀) ပင်၊ ခရေ (၂၅) ပင်၊ ကံ့ကော် (၂၅) ပင် နှင့် ကြက်မောက် (၂၀) ပင် စုစုပေါင်း (၆၀၀)ပင်ကို စိုက်ပျိုးခဲ့ပါသည်။     

 

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ မှ ၂၀၂၄ မိုးရာသီတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာ/ အဖွဲ့အစည်းများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများ ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့်  “နေရင်းဒေသပြန်လည် တည်ထောင်ရေး မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲ”ကျင်းပခဲ့ပြီး ဒေသမျိုးရင်းသစ်မျိုးများနှင့် တောရိုင်းတိရစ္ဆာန်အထောက်အကူပြုသစ်မျိုးများဖြစ်ကြသည့် ပျဉ်းကတိုး (၅၀၀) ပင်၊ ဥပန်းကရား (ဖွတ်မတက်)  (၂၀၀) ပင်၊ တောင်ကံ့ကော် (၁၀၀) ပင်၊ သင်္ကန်း (၁၀၀) ပင်၊ သပြေ (၁၀၀) ပင်၊ ကညင် (၄၀) ပင်၊ သစ်ရှို (၄၀) ပင် စုစုပေါင်း (၁,၀၈၀) ပင် စိုက်ပျိုးခဲ့ပါသည်။ 

ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကလိန်အောင်မြို့၊ အောင်သီရိဘုရားဝန်းတွင် ကျင်းပခဲ့ပြီး ပျဉ်းကတိုး (၁၀၀) ပင်၊ သင်္ကန်း (၁၀၀) ပင်၊ ကံ့ကော် (၁၀၀) ပင်၊ ခရေ (၁၀၀) ပင်၊ သပြေ (၇၀) ပင်၊ သင်းဝင် (၇၀) ပင်၊  စုစုပေါင်း (၅၄၀) ပင်ကို စိုက်ပျိုးခဲ့ပါသည်။