ပြင်ပနည်းပညာအကြံပေးအဖွဲ့ငှားရမ်းဆောင်ရွက်ခြင်း
တနင်္သာရီသဘာဝကြိုဝိုင်းလုပ်ငန်းစီမံကိန်းအနေဖြင့် စီမံကိန်းရည်ရွယ်ချက်များအတိုင်း စီမံကိန်းလုပ်ငန်းများ အချိန်နှင့်တပြေးညီ ပြီးစီးအောင်မြင်ရေး၊ ဒေသခံပြည်သူတို့၏ လိုအပ်ချက်နှင့် လိုက်လျောညီထွေဖြစ်စေရေး၊ စီမံကိန်းဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးတို့အတွက် နှစ်စဉ် ပြည်တွင်း/ပြည်ပ ပြင်ပနည်းပညာအကြံပေးအဖွဲ့များ ငှားရမ်းဆောင်ရွက်လျက်ရှိပါသည်။ ပြင်ပနည်းပညာအကြံပေးအဖွဲ့အနေဖြင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနှင့်ပတ်သတ်ပြီး နိုင်ငံတကာ စံချိန်/စံညွှန်းများနှင့်အညီ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်နိုင်မည့် နည်းလမ်းကောင်းများ နည်းလမ်း သစ်များကို လေ့လာပြီး တနင်္သာရီသဘာဝကြိုဝိုင်းနှင့် သင့်လျော်သည့် နည်းလမ်းများအား သုံးသပ်အကြံပြုပေးခြင်း၊ဆောင်ရွက်သင့်သည့် သုတေသနလုပ်ငန်းများအား အကြံပြုပေးခြင်း၊ ဆောင်ရွက်ရပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ပြင်ပနည်းပညာအကြံပေးအဖွဲ့အဖြစ် Friends of Wildlife(FOW) အဖွဲ့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ခန့်အပ်ဆောင်ရွက်လျက်ရှိပါသည်။
![]() | ![]() |