အောင်လောင် (သို့) ဂေါရင်
အောင်လောင် (သို့) ဂေါရင် Plain-pouched Hornbill
- အထီးသည် ၈၆.၅ စင်တီမီတာခန့်ရှိပြီး အမသည် ၇၆ စင်တီမီတာခန့်ရှိသည်။ လည်ပင်းတွင် စလုတ်ပါသော မျိုးစိတ်ဖြစ်သည်။ ကိုယ်လုံးနှင့် အတောင်သည် အနက်ရောင်ဖြစ်ပြီး အမြီးဖြူသည်။ မျက်လုံးနီသည်။ အထီး၏ စလုတ်မှာ အဝါရောင် ဖြစ်ပြီး အမ၏ စလုတ်မှာ အပြာရောင်ဖြစ်သည်။ ဖေဖော်ဝါရိလမှ မေလအထိ မိတ်လိုက်မျိုးပွား သည်။ ၁ လုံးမှ ၃ လုံးအထိ ဥဥသည်။ ရန်ကုန်၊ ဧရာ ဝတီ၊ ပဲခူး၊ ကရင်၊ မွန်နှင့် တနင်္သာရီတို့တွင် တွေ့ရ သည်။ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ် (Vulnerable) ဖြစ်သည်။