Skip to main content

လင်းယုန်

လင်းယုန်  Crested Serpent-eagle 

  • ကိုယ်အလျား ၆၂ စင်တီမီတာခန့်ရှိသည်။ ကြီးမားသော အမောက်နှင့်အတူ မျက်နှာ တွင် အဝါရောင် အရေပြားပါရှိပြီး ဦးခေါင်း နှင့် ကျောဘက်ပိုင်းတွင် အမဲစင်းနှင့် အဖြူ စက်များ ပါသည်။ အောက်ပိုင်းသည် အရောင်ညစ်ညစ်ရှိပြီး ရင်ဘတ်နှင့် ဗိုက်တွင် နီညိုရောင်အစင်းများရှိသည်။ အမြီးသည် အနက် ရောင်ရှိပြီး အလယ်တွင် ကန့်လန့် ဖြတ် အဖြူတန်း ပါသည်။ နှုတ်သီးရင်းနှင့် ခြေထောက်သည် အဝါရောင်ရှိသည်။ အတောင်အဖျားမဲနေပြီး အတောင်ပေါ်တွင် ထင်ရှားကြီးမားသော ကန့်လန့်ဖြတ်အဖြူ တန်းကို ပျံသန်းသည့်အခါ တွေ့ရသည်။ ဇန်နဝါရီလမှ အောက်တိုဘာလထိ မိတ်လိုက်မျိုးပွားကြသည်။ ဥ ၁ လုံးသာ ဥသည်။ မြန်မာနိုင်ငံ အနှံ့တွင် တွေ့ရသည်။ 

 

အခြား သတ္တဝါမျိုးစိတ်များ