သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ ဒေသခံပြည်သူများ၊ အ.ထ.က (ကလိန်အောင်) မှ ဆရာ/ ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများ စုပေါင်း၍ “၂၀၂၆ ခုနှစ်၊ ဒုတိယ အကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ” အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီ၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ပြည်သူ့ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တနင်္သာရီသဘာဝကြိုးဝိုင်း လုပ်ငန်းစီမံကိန်းမှ ဥယျာဉ်အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းဝန်ထမ်းများ၊ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်စားလှယ်အရာရှိများ၊ မောရဝတီ ရေတပ်စခန်းဌာနချုပ်မှ အရာရှိစစ်သည်များ၊ ရတနာ-ဇောတိကလူမှုစီးပွား စီမံကိန်းဝန်ထမ်းများ၊ ရဲတံခွန်လူမှုစီးပွားဖွံ့ဖြိုးမှုစီမံကိန်းဝန်ထမ်းများ၊ ကလိန်အောင်မြို့ ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများ အပါအဝင် စုစုပေါင်း (၁၄၀) ဦး တက်ရောက်ခဲ့ကြပြီး မဟော်ဂနီ (၁၆၀) ပင်၊ ကံ့ကော် (၅၀) ပင်၊ သပြေ (၄၀) ပင်၊ ခရေ (၂၅) ပင်နှင့် ပျဉ်းကတိုး (၂၅) ပင်၊ စုစုပေါင်း (၃၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။
