သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာ/ အဖွဲ့အစည်းများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများ ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန် များ၏ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် “နေရင်းဒေသပြန်လည်တည်ထောင်ရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ” ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီ၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းရေးလမ်း (Service track) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါမိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲအခမ်းအနားသို့ တနင်္သာရီသဘာဝကြိုးဝိုင်း လုပ်ငန်းစီမံကိန်းမှ ဥယျာဉ်အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းဝန်ထမ်းများ၊ မိတ်ဖက်ကုမ္ပဏီ အဖွဲ့အစည်းများ၊ ရဲတံခွန်လူမှုစီးပွားစီမံကိန်းဝန်ထမ်းများ၊ ဆာမူထော်လူမှုကူညီရေး အသင်းမှ အသင်းသားများ၊ အခြေခံပညာမူလတန်းလွန်ကျောင်း (မိကျောင်းလှောင်းရွာသစ်) နှင့် အခြေခံပညာမူလတန်းကျောင်း (မိကျောင်းလှောင်းရွာဟောင်း) တို့မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများအပါအဝင် စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြပြီး ပျဉ်းကတိုး (၂၀၀) ပင်၊ ပိတောက် (၂၀၀) ပင် အပါအဝင် ဒေသမျိုးရင်း သစ်မျိုး (၅၀၀) ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။
