Skip to main content

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း

 ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ ၃၀-၁၁-၂၀၂၅ ရက်နေ့ (တနင်္ဂနွေနေ့)၊ နံနက် (၁:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇင်းဘာကျေးရွာရှိ သုဓမ္မဒီပဘုန်းတော်ကြီးကျောင်း၌ “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ဟောပြောပွဲတွင် တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ စီမံကိန်းတောအုပ် ဦးမြင့်ရှိန်နှင့် တိုးချဲ့ပညာပေးဝန်ထမ်း ဒေါ်ငုဝါအောင်တို့မှ တနင်္သာရီသဘာဝကြိုးဝိုင်းမှ ဆောင်ရွက်လျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအကြောင်းဟောပြောဆွေးနွေးခြင်း၊ကြံ့သူတော်အကြောင်းသိကောင်းစရာ၊ လူနှင့်တောဆင် ပဋိပက္ခလျော့ချရေးသိကောင်းစရာနှင့် ရွှေသတ္တုတူးဖော်ရာဝယ် ဓါတ်ကြွင်းအန္တရာယ်သတိပြုဖွယ် စသည့် လက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိများ မေးမြန်း၍ အဖြေမှန်သူများကို ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ 

အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၇) ဦးနှင့် ဓမ္မစကူလ်းကျောင်းသား/သူ (၁၁၈) ဦး စုစုပေါင်း (၁၂၅) ဦး တက်ရောက်ခဲ့ကြပါသည်။