Skip to main content

“ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ” ကျင်းပခြင်း

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ” ကျင်းပခြင်း

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ ၂၀-၉-၂၀၂၅ ရက်နေ့ (စနေနေ့)၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူ မြို့နယ်၊ ကံပေါက်ဒေသရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင်  Full-service Engineering Solutions Provider ဖြစ်သည့် NLT Group Services Co., Ltd အစည်းအဝေးခန်းမ၌ “ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ဟောပြောပွဲတွင် တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ စီမံကိန်းဦးစီးအရာရှိ ဦးချမ်းငြိမ်းက တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ စီမံကိန်းဆိုင်ရာအချက်အလက်များ၊  တနင်္သာရီသဘာဝကြိုးဝိုင်း၏ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝမှုနှင့် ထိန်းသိမ်းရေးတန်ဖိုးများ၊ စီမံကိန်းမှ ဆောင်ရွက်လျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူများ၏လူမှုစီးပွားဖွံ့ဖြိုးရေး အထောက်အကူပြုလုပ်ငန်းများကိုလည်းကောင်း၊ ဒေသခံတိုးချဲ့ပညာပေးဝန်ထမ်း နော်ဒီဇင်ဘာဖော က ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာများကို လည်း ကောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ 

အဆိုပါ ဟောပြောပွဲသို့ စီမံကိန်းဝန်ထမ်း (၈) ဦးနှင့် NLT Group Services Co., Ltd မှ ဝန်ထမ်း (၂၇) ဦး၊ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြပါသည်။