Skip to main content

ရွှေသတ္တုတူးဖော်ပြီးစွန့်ပစ်မြေဧရိယာများတွင် သစ်တောပြုစုထိန်းသိမ်းရေးနှင့် တောရိုင်း တိရစ္ဆာန်များအတွက်နေရင်းဒေသပြန်လည်တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

ရွှေသတ္တုတူးဖော်ပြီးစွန့်ပစ်မြေဧရိယာများတွင် သစ်တောပြုစုထိန်းသိမ်းရေးနှင့် တောရိုင်း တိရစ္ဆာန်များအတွက်နေရင်းဒေသပြန်လည်တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

          ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဓာတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးလမ်း (Service track) နှင့် ဇင်းဘာချောင်းအကြားရှိ တနင်္သာရီသဘာဝကြိုးဝိုင်းဧရိယာအတွင်း ဂေဟစနစ် ပြန်လည်ကောင်းမွန်လာစေရန်၊ တရားမဝင် ရွှေသတ္တုတူးဖော်ခြင်းကြောင့် ပျက်စီးသွားသော သဘာဝအနေအထားကို ပြန်လည်ကုစားနိုင်ရန်နှင့် ရေဝေရေလဲထိန်းသိမ်းရေးနှင့် ချောင်းကမ်းပါး ပြန်လည်ထိန်းသိမ်းရေးကို အ‌ထောက်အကူပြုစေရန်၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးကို အထောက်အပံ့ဖြစ်စေရန်နှင့် သဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဇင်းဘာချောင်းအားမှီခိုနေထိုင်သည့် ဒေသခံပြည်သူများအတွက် အရည်အသွေးကောင်းမွန်သည့် ရေအရင်းအမြစ်များ ရရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် မြေဆီလွှာပြန်လည်ဖြည့်တင်းရေး စိုက်ပျိုးခြင်း (၁၅) ဧက၊ တောရိုင်းတိရစ္ဆာန်ဖြတ်ကူးမှုလမ်းကြောင်း မြှင့်တင်ခြင်း (၂၀) ဧက၊ နေရင်း ဒေသပြန်လည်တည်ထောင်ရေး ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း (၄၀) ဧက၊ သဘာဝ စားကျက် နယ်မြေများ တည်ထောင်ခြင်း (၁၅) ဧက၊ သုတေသနစမ်းသပ်ကွက် တည်ထောင်စိုက်ပျိုးခြင်း (၁၀) ဧက စုစုပေါင်း  သစ်တော ပြုစုထိန်းသိမ်းရေးနှင့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ရေး လုပ်ငန်း (၁၀၀) ဧကကို ဆောင်ရွက်လျက်ရှိပါသည်။

စွန့်ပစ်မြေစာပုံများအား မြေညှိ၍ Top Soil များ ပြန်လည်ဖြည့်တင်းခြင်း
ကျင်းတူးခြင်း
သဘာဝကြိုးဝိုင်းပြင်ပမှ အငှားမြေ (Borrow Soil) သယ်ယူခြင်း
ဒေသမျိုးရင်းသစ်မျိုးများစိုက်ပျိုးခြင်း
သုတေသနစမ်းသပ် သစ်မျိုးများ စိုက်ပျိုးခြင်း
သုတေသနစမ်းသပ် သစ်မျိုးများ စိုက်ပျိုးခြင်း
တောရိုင်းတိရစ္ဆာန်များအတွက် အန္တရာယ်ဖြစ်စေနိုင်မည့် ရေအနက်ရှိသည့် ရေကန်များကို မြေဖို့ခြင်း 
           တောရိုင်းတိရစ္ဆာန်များအစာရရှိစေရန်                     စပါးများစိုက်ပျိုးခြင်း 
           တောရိုင်းတိရစ္ဆာန်များအစာရရှိစေရန်                     စပါးများစိုက်ပျိုးခြင်း