သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့ များ၊ ဆက်စပ်ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၊ စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများ၊ အ.ထ.က (ကလိန်အောင်) မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ များ စုပေါင်း၍ “၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲ” ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ ဥယျာဉ်အုပ်ချုပ်ရေးမှူးနှင့် စီမံကိန်းဝန်ထမ်းများ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်စားလှယ်အရာရှိများ၊ PTTEP International Limited မှ Site Manager Mr.Pricha Chitta၊ ရတနာ လူမှုစီးပွားစီမံကိန်းဝန်ထမ်းများ၊ ရဲတံခွန်လူမှုစီးပွားစီမံကိန်းဝန်ထမ်းများ၊ ဌာနဆိုင်ရာ/ အဖွဲ့အစည်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသခံပြည်သူများအပါအဝင် စုစုပေါင်း (၁၈၀) ဦး တက်ရောက်ခဲ့ကြပြီး ပျဉ်းကတိုး (၂၀၀) ပင်၊ ကံ့ကော် (၇၀) ပင်၊ သပြေ (၄၀) ပင်၊ ပိတောက် (၃၀) ပင်၊ တမလန်း (၁၀) ပင်၊ စုစုပေါင်း (၃၅၀) ပင် စိုက်ပျိုးခဲ့ကြပါသည်။
