သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ၁၇-၆-၂၀၂၅ ရက်နေ့ (အင်္ဂါနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်စီမံကိန်း၊ စီမံကိန်းဦးစီးအရာရှိ ဦးချမ်းငြိမ်းက တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း မိတ်ဆက်နှင့် စီမံကိန်းမှ ဆောင်ရွက်လျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများအကြောင်း ဟောပြောခြင်း၊ ဒေသခံတိုးချဲ့ပညာပေး ဝန်ထမ်း ဒေါ်ဝါဝါလှိုင်က ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာများကို ဟောပြောခဲ့ပြီး တနင်္သာရီသဘာဝ ကြိုးဝိုင်းလုပ်ငန်းစီမံကိန်း နှစ် (၂၀) ပြည့် အထိမ်းအမှတ် Video ကို ပြသခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ စီမံကိန်းဝန်ထမ်းများအပါအဝင် အ.ထ.က (ကလိန်အောင်) မှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြပါသည်။
