Skip to main content

အာရှဆင်

ပြင်ပလက္ခဏာ

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်းအရှည် ၄-၆ မီတာ ရှိသည်။ အမြီး ၁-၁.၅ မီတာရှည်သည်။ ခန္ဓာကိုယ် ပိုင်းရှည်လျား၍ အလွန်အရွယ်အစားကြီးမားသော သတ္တဝါဖြစ်သည်။ ညိုမည်းရောင် (သို့မဟုတ်) ညိုမွဲ ရောင်ရှိသည်။ ခြောက်သွေ့နေပါက ခန္ဓာကိုယ်၏ အရောင်ဖျော့၍ ရေစိုနေပါက အနက်ရောင်ဖြစ်ပေါ် နေသည်။ ဦးခေါင်းတုတ်ခိုင်၍ နားရွက် တြိဂံပုံရှိ သည်။ အရေပြားထူသည်။ အမွှေးကျဲသည်။ အမြီး ထိပ်ဖျားမှ အမွှေးစုရှည်မှာ သန်မာသည်။ ခြေထောက်များ တိုင်ကဲ့သို့ဖြစ်နေသည်။ အထီးမှာ အမထက်အရွယ်အစားကြီး၍ အစွယ်ရှိတတ်သည်။

ဓလေ့စရိုက်

၅ ကောင်မှ အကောင် ၂၀ ထိ စုဝေး၍ အုပ်စုလိုက်သွားလာလှုပ်ရှားနေတတ်သည်။ နေ့ရောညပါ ထွက်သည့် သတ္တဝါဖြစ်သည်။ များသောအားဖြင့် နေဝင်ပြီး ၂ နာရီနောက်မှသည် နံနက်ပိုင်း နေထွက်ချိန်ရောက်သည်အထိ အစာလိုက်လံရှာဖွေစားသောက်နေလေ့ရှိသည်။ ဝါး၊ မြက်နုရှည် မျိုး၊ နွယ်ပင်နှင့် ချုံပင်အမျိုးမျိုးကို စားသုံးသည်။ ရေကူးကျွမ်းကျင်သည်။ အမြင်အာရုံအားနည်း သော်လည်း အနံ့ခံမှုနှင့် အကြားအာရုံ လွန်စွာအားသာသည်။ 

နေထိုင်ရာပတ်ဝန်းကျင်

ရွက်ကြွေတော၊ အမြဲစိမ်းတောနှင့် မြက်ခင်းပြင်ဒေသတို့၌ ကျက်စားသည်။ မြေပြန့်တောများမှ သည် မီတာ ၃၀၀၀ အမြင့် တောင်ကုန်းများထိ တွေ့နိုင်သည်။ မြစ်ကမ်းစပ်၊ ချောင်းကမ်းစပ်များ ၌လည်း တွေ့ရတတ်သည်။ သဲဆားတွင်း (Salt Licks) များရှိရာ နေရာများသည် ဆင်များ မှီတင်းနေထိုင်ရာ အရပ်ဒေသ၏ အရေးအကြီးဆုံး လိုအပ်ချက်တစ်မျိုးဖြစ်သည်။ 
 

 

အခြား သတ္တဝါမျိုးစိတ်များ