သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ နဝမအကြိမ်မြောက် နည်းပညာကော်မတီ အစည်းအဝေး ကို ၂၈-၁၀-၂၀၂၅ ရက်နေ့ (အင်္ဂါနေ့) နံနက် (၀၉:၃၀) နာရီတွင် သစ်တော ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းဝေးခန်းမ(၂)၌ Hybrid စနစ်ဖြင့် ကျင်းပရာ နည်းပညာကော်မတီဉက္ကဌနှင့်အဖွဲ့ဝင်များ၊Operational Management Plan Phase VI ရေးဆွဲရေးအဖွဲ့ဝင်များ၊ စီမံကိန်းဝန်ထမ်းများမှ In person တက်ရောက်ခဲ့ကျပြီး မိတ်ဖက်ကုမ္ပဏီများမှ နည်းပညာကော်မတီအဖွဲ့ဝင်များမှ Online စနစ်ဖြင့် တက်ရောက်ခဲ့ကျပါသည်။ အစည်းအဝေးတွင် OMP VI ရေးဆွဲရေးအဖွဲ့ဝင်များမှ သက်ဆိုင်ရာကဏ္ဍများအလိုက် စီမံချက် ရေးဆွဲဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်း တင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
