Skip to main content

တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ အဋ္ဌမအကြိမ်မြောက် နည်းပညာကော်မတီ အစည်းအဝေး ကျင်းပခြင်း

တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ အဋ္ဌမအကြိမ်မြောက် နည်းပညာကော်မတီ အစည်းအဝေး ကျင်းပခြင်း

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ အဋ္ဌမအကြိမ်မြောက် နည်းပညာကော်မတီအစည်းအဝေး ကို ၃-၉-၂၀၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့)နံနက် (၀၉:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ကျင်းပရာ နည်းပညာ ကော်မတီဉက္ကဌနှင့်အဖွဲ့ဝင်များ၊ သုတေသနစာတမ်းရှင်များ၊ Operational Management Plan Phase VI ရေးဆွဲရေးအဖွဲ့ဝင်များ၊ စီမံကိန်းဝန်ထမ်းများတက်ရောက်ခဲ့ပြီး စီမံကိန်းဒါရိုက်တာနှင့် ဉယျာဉ်အုပ်ချုပ်ရေးမှူးတို့မှ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ လျာထားချက်နှင့်      ဆောင်ရွက်ပြီးစီးမှု၊     ဆက်လက်ဆောင်ရွက်မည့် အစီစဉ်များအားတင်ပြခဲ့ပါသည်။ ဆက်လက်၍ သုတေသနစာတမ်းရှင်များမှ သက်ဆိုင်ရာသု‌တေသနရလဒ်များအားတင်ပြခဲ့ပြီး OMP VI ရေးဆွဲရေး အဖွဲ့ဝင်များမှ သက်ဆိုင်ရာကဏ္ဍများအလိုက် စီမံချက်ရေးဆွဲမည့် အစီအစဉ်များ၊ ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။