သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းသည် သစ်တောဦးစီးဌာနရှိ ဘာသာရပ်ကျွမ်းကျင်ပညာရှင်များဖြင့် ဆဋ္ဌမ (၄) နှစ်တာ စီမံကိန်းအုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (Operational Management Plan Phase VI)ကို ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဆဋ္ဌမ (၄) နှစ်တာ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲကို ၃ - ၂ - ၂၀၂၆ ( အင်္ဂါနေ့) နံနက်(၁၁:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်းကြင်းခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသည့် ဆက်စပ်ဌာနများနှင့် NGO တို့မှ ကိုယ်စားလှယ်များ၊ စီမံချက်ရေးဆွဲရေး အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး စီမံကိန်းဒါရိုက်တာမှ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်း စီမံကိန်းဆိုင်ရာတင်ပြခြင်းနှင့် စီမံချက်ရေးဆွဲရေးအဖွဲ့များကိုယ်စား ဒေါက်တာဝင်းမောင်အေး၊ ဒုတိယညွှန်ကြားမှူးမှ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး ဆွေးနွေးပွဲသို့တက်ရောက်လာသူများမှ ဆဋ္ဌမ (၄) နှစ်တာ စီမံကိန်းအုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲရေးနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
