တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ မိတ်ဖက်ကုမ္ပဏီ/အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြစ်ကြသော ဦးစောဟဒ်ဆန် (Environment Engineer၊ အက်ဒမန်ပို့ဆောင်ရေးလီမိတက် (ATL)၊ ဦးစိုးမိုး (CSR Program Leader၊ ရတနာ-ဇောတိကလူမှုစီးပွားစီမံကိန်း) နှင့် ဒေါ်လှမိုးနွယ် (CSR တာဝန်ခံ) တို့သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တနင်္သာရီ သဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ၁၀-၃-၂၀၂၆ ရက်နေ့မှ ၁-၃-၂၀၂၆ ရက်နေ့ထိ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ၊ စီမံကိန်းဧရိယာတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထို့နောက် တ်ဖက်ကုမ္ပဏီ/အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ သည် ၁၁-၃-၂၀၂၆ ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးခန်းမ (Environmental Education Center – EEC) ၌ ကျင်းပသည့် “ရေပိုက်နှင့် ပိုက်ဆက်ပစ္စည်းများ ပံ့ပိုးပေးအပ်ခြင်း အခမ်းအနား” သို့ တက်ရောက်ခဲ့ပြီး သာယာမွန်၊ မိကျောင်းလှောင်း (ရွာဟောင်း)၊ မိကျောင်းလှောင်း (ရွာသစ်)၊ ဇင်းဘာ၊ ရေပုံးနှင့် သက္ကယ်ကွက် ကျေးရွာများမှ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ နေ့လယ် (၁၃:၀၀) နာရီတွင် မိကျောင်းလှောင်း (ရွာသစ်) ကျေးရွာမှ ဒေသခံ ဦးရန်နိုင်စိုး၏ ဒူးရင်းကိုင်းကူးကိုင်းဆက် လုပ်ငန်း အား လေ့လာခဲ့ပြီး တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ ရတနာ အမြဲတမ်းပျိုးဥယျာဉ်နှင့် မိကျောင်းလှောင်းအမြဲတမ်းပျိုးဥယျာဉ်တို့တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ဝင်ငွေတိုး သီးပင်စားပင်နှင့် ဒေသမျိုးရင်းပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေအား လေ့လာခဲ့ကြပါသည်။
