Skip to main content

(၁၁)ကြိမ်မြောက်နည်းပညာကော်မတီ အစည်းအဝေး ကျင်းပခြင်း

(11) TC

   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊  တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း(၁၁)ကြိမ်မြောက်နည်းပညာကော်မတီအစည်းအဝေးကို ၁၈-၃-၂၀၂၆ ( ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀)နာရီတွင် သစ်တောဦးစီးဌာန ၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းဝေးခန်းမ(၂)၌ Hybrid စနစ်ခြင့် ကျင်းပရာ နည်းပညာကော်မတီ ဉက္ကဌနှင့်အဖွဲ့ဝင်များ၊ စီမံကိန်းဝန်ထမ်းများမှ In person တက်ရောက် ခဲ့ကျပြီး မိတ်ဖက် ကုမ္ပဏီများ၏ နည်းပညာကော်မတီအဖွဲ့ဝင်များမှ Online စနစ်ဖြင့် တက်ရောက်ခဲ့ကျပါသည်။  အစည်းအဝေးတွင် ဥယျာဉ်အုပ်ချုပ်ရေးမှူးမှ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုပြီးစီးမှုတင်ပြခြင်း၊ စီမံကိန်းဒါရိုက်တာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ မတ်လကုန်အထိရန်ပုံငွေသုံးစွဲမှု၊ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်နှင့် ရန်ပုံငွေလျာထားခြင်းတို့အား ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက် လာသူများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။