သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဒဿမအကြိမ်မြောက် နည်းပညာကော်မတီ အစည်းအဝေး ကို ၁၇-၁၂-၂၀၂၅ ( ဗုဒ္ဓဟူးနေ့) နံနက် (၀၉:၃၀) နာရီတွင် သစ်တော ဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းဝေးခန်းမ(၂) ၌ Hybrid စနစ်ခြင့် ကျင်းပရာ နည်းပညာကော်မတီဉက္ကဌနှင့်အဖွဲ့ဝင်များ၊Operational Management Plan Phase VI ရေးဆွဲရေးအဖွဲ့ဝင်များ၊ စီမံကိန်းဝန်ထမ်းများမှ In person တက်ရောက်ခဲ့ကျပြီး မိတ်ဖက် ကုမ္ပဏီများ၏ နည်းပညာကော်မတီအဖွဲ့ဝင်များမှ Online စနစ်ဖြင့် တက်ရောက်ခဲ့ကျပါသည်။ အစည်းအဝေးတွင် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း Video Clip ပြသခြင်း၊ စီမံကိန်းဒါရိုက်တာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နိုဝင်ဘာလကုန် အထိ ရန်ပုံငွေသုံးစွဲမှု၊ လုပ်ငန်းလျာထားချက် နှင့် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင် ရွက်မည့် အစီအစဉ်များကို တင်ပြခြင်းနှင့် OMP VI ရေးဆွဲရေးအဖွဲ့ဝင်များကိုယ်စား ဒေါက်တာဝင်းမောင်အေး၊ဒုတိယညွှန်ကြားရေးမှူးက ဆဋ္ဌမ(၄) နှစ်တာ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက် ရေးဆွဲထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်း တင်ပြခဲ့ကြပြီး တက်ရောက် လာသူများမှ ဝိုင်းဝန်းဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
