Skip to main content

(၃၅) ကြိမ်မြောက် စီမံကိန်းလုပ်ငန်းပေါင်းစပ် ညှိနှိုင်းရေးကော်မတီ ( PCC) အစည်းအဝေးကျင်းပခြင်း

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊  တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏  (၃၅) ကြိမ်မြောက် စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Project Coordinating Committee-PCC)အစည်းအဝေးကို (၂၄-၇-၂၀၂၆)  ရက်နေ့ (သောကြာနေ့) နံနက် (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ဉက္ကဌ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊‌ ဦးကျော်ဇေယျမှ တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဌာနများနှင့်မိတ်ဖက်ကုမ္ပဏီများမှ  စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်းဝန်ထမ်းများမှ in-person  တက်ရောက်ခဲ့ကြပြီး လက်ထောက်ညွှန်ကြားရေးမှူး၊တနင်္သာရီတိုင်းဒေသကြီး၊ သစ်တော ဦးစီးဌာနနှင့် ဉယျာဉ်အုပ်ချုပ်ရေးမှူးရုံးရှိ စီမံကိန်းဝန်ထမ်းများမှ Online စနစ်ဖြင့် တက်ရောက် ခဲ့ကြပါသည်။ အစည်းအဝေးတွင် တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ဉယျာဉ်အုပ်ချုပ်ရေးမှူး မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ၂၀၂၆ ခုနှစ် ဇွန်လအထိ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းဒါရိုက်တာမှ (၃၄) ကြိမ်မြောက် စီမံကိန်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးဆုံး ဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ရန်ပုံငွေလျာထားချက်များအား နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ ပါသည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသည့် စီမံကိန်း လုပ်ငန်း ပေါင်းစပ် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များမှ ရှင်းလင်းတင်ပြချက်များအပေါ် ဆွေးနွေးမေးမြန်းခြင်းနှင့် ဆက်လက် ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများအပေါ် လမ်းညွှန်မှာကြားခြင်းနှင့် ဆုံးဖြတ် ချက်များချမှတ်ခြင်းများ ပြုလုပ်ခဲ့ပြီး အစည်းအဝေးအား နေ့လည် (၁၂:၃၀) တွင် ရုပ်သိမ်း ခဲ့ပါသည်။