သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ (၃၄) ကြိမ်မြောက် စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Project Coordinating Committee - PCC) အစည်းအဝေးကို(၂-၄-၂၀၂၆) ရက်နေ့ (ကြာသာပတေးနေ့) နံနက် (၁၀:၀၀)နာရီတွင်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ဉက္ကဌ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဌာနများနှင့်မိတ်ဖက်ကုမ္ပဏီများမှ စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်းဝန်ထမ်းများမှ in-person တက်ရောက်ခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူး၊တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနနှင့်ဉယျာဉ်အုပ်ချုပ်ရေးမှူးရုံးရှိ စီမံကိန်းဝန်ထမ်းများမှ Online စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုပြသခြင်း၊ ဉယျာဉ်အုပ်ချုပ်ရေးမှူး မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၂၀၂၆ ခုနှစ် မတ်လအထိ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေ အနေများအား ရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းဒါရိုက်တာမှ (၃၃) ကြိမ်မြောက် စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ရန်ပုံငွေ လျာထားချက်များအား ရှင်းလင်း တင်ပြခြင်းနှင့် ဒေါက်တာဝင်းမောင်အေး၊ ဒုတိယ ညွှန်ကြားရေးမှူး မှ OMP v ၏ Final Evaluation နှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသည့် စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များမှ ရှင်းလင်းတင်ပြချက်များအပေါ် ဆွေးနွေးမေးမြန်းခြင်းနှင့် ဆက်လက် ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများအပေါ် လမ်းညွှန်မှာကြားခြင်းနှင့် ဆုံးဖြတ်ချက်များချမှတ် ခြင်းများ ပြုလုပ်ခဲ့ပြီး အစည်းအဝေးအား နေ့လည (၁၂:၃၀) တွင် ရုပ်သိမ်းခဲ့ပါသည်။
