တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ (၃၃) ကြိမ်မြောက် စီမံကိန်းလုပ်ငန်းပေါင်းစပ်
ညှိနှိုင်းရေးကော်မတီ (Project Coordinating Committee - PCC) အစည်းအဝေးကျင်းပခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ (၃၃) ကြိမ်မြောက် စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Project Coordinating Committee - PCC) အစည်းအဝေးကို (၂၄-၁၁-၂၀၂၅) ရက်နေ့ (တနင်္လာနေ့) နေ့လည် (၂:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၊ ဉက္ကဌ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ တက်ရောက်အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဌာနများနှင့်မိတ်ဖက်ကုမ္ပဏီများမှ စီမံကိန်းလုပ်ငန်း ပေါင်းစပ် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ စီမံကိန်းဝန်ထမ်းများမှ in-person တက်ရောက်ခဲ့ကြပြီး ဦးနိုင်ဝင်းအောင်၊အင်ဂျင်နီယာမှူးကြီး(ကမ်းလွန်)၊ဦးနေမျိုးထိုက်၊လက်ထောက်ညွှန်ကြားရေးမှူး၊ တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနနှင့် ဉယျာဉ်အုပ်ချုပ်ရေးမှူးရုံးရှိ စီမံကိန်း ဝန်ထမ်းများမှ Online စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုပြသခြင်း၊ ဉယျာဉ်အုပ်ချုပ်ရေးမှူး မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အောက်တိုဘာလအထိ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းဒါရိုက်တာမှ (၃၂) ကြိမ်မြောက် စီမံကိန်းလုပ်ငန်းပေါင်းစပ် ညှိနှိုင်းရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်းနှင့် ဦးခိုင်ဇော်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာနမှ တနင်္သာရီသဘာဝကြိုးဝိုင်း၏ မြေအသုံးချမှုအခြေအနေအား ပုံရိပ်ကြည်လင်ပြတ်သားသည့် ဂြိုလ်တုဓါတ်ပုံများအသုံးပြု၍ ဆန်းစစ်ခြင်းဆိုင်ရာရှင်လင်းတင်ပြခြင်းတို့အား ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသည့် စီမံကိန်းလုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များမှ ရှင်းလင်းတင်ပြချက်များအပေါ် ဆွေးနွေးမေးမြန်းခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းများအပေါ် လမ်းညွှန်မှာကြားခြင်းနှင့်ဆုံးဖြတ်ချက်ချမှတ်ခြင်းများ ပြုလုပ်ခဲ့ပြီး အစည်းအဝေးအား ညနေ (၄:၃၀) တွင် ရုပ်သိမ်းခဲ့ပါသည်။
