ချေ
ပြင်ပလက္ခဏာ
ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၈၀-၉၀ စင်တီမီတာ ရှိသည်။ အမြီး ၁၇-၁၉ စင်တီမီတာ ရှည်သည်။ ဆတ်၊ သမင်၊ ဒရယ်တို့နှင့်စာလျှင် အရွယ်ငယ်ပြီး ဦးချိုတွင် အောက်ခြေတိုင်ရှည်၍ ဘေးသို့ထွက်သည့် ချိုအတက်မှာ တိုပြီး သေးငယ် သည်။ ပုံစံဆင်တူသော တနင်္သာရီချေနှင့် ကွာခြား သည့်အချက်မှာ အမွှေးရောင် အနေအထားဖြစ် သည်။ ချေတွင် ခန္ဓာကိုယ် အလျားပိုင်းတစ်ခုလုံးမှ အမြီးထိ နီညိုရောင် တပြေးညီရှိပြီး တနင်္သာရီချေ တွင် ကျောဖက်တစ်လျှောက် အမြီးထိ အမည်းရောင် ရှိ၍ ကျန်တစ်ကိုယ်လုံးမှာ အနက်ရောင် ခပ်တောက် တောက်ဖြစ်သည်။ ချေ၏ မျက်နှာနှင့် ခြေထောက် များသည် အနက်ရောင်ဖြစ်နေပြီး ပါးပြင်၊ လည်မျို၊ ဝမ်းဗိုက်နှင့် အမြီးအောက်ဖက်ပိုင်းနေရာများတွင် အဖြူရောင်ဖြစ်နေသည်။
ဓလေ့စရိုက်
နံနက်စောစောနှင့် ညနေစောင်း နေဝင်မျိုးချုပ်ချိန်များတွင် ကွင်းပြင်ကျယ်နေရာများ၌ အစာ ရှာစားနေတတ်သည်။ မြက်အမျိုးမျိုး၊ သစ်ဥ၊ သစ်ဖု၊ သစ်သီးနှင့် ပန်းပွင့်များကို စားသုံးလေ့ရှိ သည်။ အန္တရာယ်အနှောင့်အယှက်မရှိပါက လာနေကျနေရာကို လာ၍ အစာစားလေ့ရှိသည်။ ဟောက်တတ်သဖြင့် ချေဟောက်သံကိုကြား၍ ချေရှိရာနေရာကို သိနိုင်သည်။
နေထိုင်ရာပတ်ဝန်းကျင်
သစ်တောမျိုးစုံတွင် နေထိုင်နိုင်သည်။ တောစပ်နေရာများ၊ တောင်ယာခုတ်ထွင်ထားသည့် နေရာ များနှင့် သစ်ခုတ်ထားသည့် သစ်ပင်ကျဲပါးသော တောများကို ပိုမိုကြိုက်နှစ်သက်ပုံရသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောများတွင် အတွေ့အများဆုံးသတ္တဝါဖြစ်သည်။