Skip to main content

လူမှုစီပွားဆိုင်ရာသုတေသန

တနင်္သာရီသဘာဝ ကြိုးဝိုင်းအတွင်းနှင့် သဘာဝကြိုးဝိုင်းအနီးတွင် စီမံကိန်း၏ လူမှုစစ်တမ်းကောက်ယူမှုများအရကျေးရွာပေါင်း (၄၄)ရွာ၊ အိမ်ထောင်စု (၄,၉၈၈) စုနှင့် လူဦးရေ (၂၆,၉၆၇) ဦးခန့် နေထိုင်လျက်ရှိပြီး အဓိက အားဖြင့် ထားဝယ်၊ ကရင်၊ မွန်နှင့် ဗမာလူမျိုးများနေထိုင်လျက်ရှိပါသည်။ သဘာဝကြိုးဝိုင်း အနီးနေထိုင်သည့် ဒေသခံပြည်သူများ၏ လူမှုစီးပွားရေး နှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြု ပေးခြင်းအားဖြင့် ဒေသခံပြည်သူများက သဘာဝကြိုးဝိုင်းနှင့် ဇီဝမျိုးကွဲများ၏ တန်ဖိုးကိုသိမြင် နားလည်လာပြီး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျပိုမိုပူးပေါင်း ဆောင်ရွက်လာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သဘာဝကြိုးဝိုင်း အနီးနေထိုင်သည့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းမှု၊ လူမှုစီးပွား‌အခြေအနေများကို သိရှိနိုင်ရန် စီမံကိန်းအနေဖြင့် နှစ်စဉ် လူမှုစီးပွားကဏ္ဍ သုတေသလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။

ပဥ္စမ (၅) နှစ်စီမံကိန်းကာလ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု

စဉ်

အကြောင်းအရာ

အရေအတွက်

လျာထား

ဆောင်ရွက်ပြီးစီး

မှတ်ချက်

ဒေသခံအခြေပြု၍ ခြိမ်းခြောက်မှုအန္တရာယ်များအား လေ့လာသုံး သပ်ခြင်း၊ ဒေသထွက်သီးနှံ၊ လူမှုစီးပွားသုတေသနပြုခြင်း (Socio economic assessment)

ကြိမ်

 

BufferZone Management၊ Ecosystem service assessment

ကြိမ်

 

သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း

ကြိမ်

 

သစ်တောဖုံးလွှမ်းမှုအခြေအနေလေ့လာဆန်းစစ်ခြင်း

ကြိမ်

 

ပဥ္စမ (၅) နှစ်စီမံကိန်းကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု

စဉ်

အကြောင်းအရာ

အရေအတွက်

လျာထား

ဆောင်ရွက်ပြီးစီး

မှတ်ချက်

ကြားခံနယ်မြေစီမံအုပ်ချုပ်မှုဆိုင်ရာ သုတေသန ဒုတိယအပိုင်းဆောင်ရွက်ခြင်း

ဦး

 

 

Socioecological management in TNR

ဦး

 

 

စီမံကိန်း နှစ် ၂၀ပြည့် သုတေသနစာတမ်းဖတ်ပွဲကျင်းပခြင်းနှင့် စာအုပ်ပြုစုခြင်း

ကြိမ် 

 

 

လူမှုစီးပွားဆိုင်ရာ သုတေသနဆောင်ရွက်ခြင်း

တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ ပဉ္စမအကြိမ်မြောက် လုပ်ငန်း စီမံချက် နှင့်အညီ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကြားခံ နယ်မြေစီမံအုပ်ချုပ်မှုဆိုင်ရာ ပဏာမဆန်းစစ်လေ့လာခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှု ဆိုင်ရာ သုတေသနနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လေ့လာဆန်းစစ်ခြင်း သုတေသန(၃)ခုအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သစ်တောဦးစီးဌာန မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့များရွေးချယ်၍ ဆောင်ရွက်ခဲ့ပါသည်။