Skip to main content

ပြောင်

ပြင်ပလက္ခဏာ

ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၂.၅-၃ မီတာ ရှိသည်။ အမြီး ၇၀-၁၀၅ စင်တီမီတာရှည်သည်။ အရွယ်အစားကြီးမားသည့် သတ္တဝါမျိုးဖြစ်သည်။ ခန္ဓာကိုယ်အရောင်မှာ ပန်းရောင်နှောသည့် အမည်း နက်ရောင်ဖြစ်သည်။ တင်ပိုင်း၌ စိုင်တွင်ရှိသော အဖြူရောင်ကွက်မျိုး မပါရှိပေ။ ဦးချိုမှာ အောက်ခြေ ခပ်ပြားပြားဖြစ်၍ ဘေးသို့ကားကာ အပေါ်ဖက်သို့ ကွေးနေသည်။ မျက်ခုံးနေရာမှသည် နဖူးပြင်တစ်ခု လုံးကို ဖုံးလျက်ရှိသော အမွှေးစုရှည်မှာ ဝါညိုရောင် ဖြစ်ပြီး ခြေထောက်တွင် ဒူးဆစ်အပေါ်ဖက်နားမှ သည် ခွာအထိ ရွှေဝါရောင်ဖြစ်လျက်ရှိသည်။ လည်ပင်းအောက်ဖက်တွင် တွဲလောင်းကျနေသော အရေပြား အခေါက်လွှာအရွယ်အစားမှာ တစ်ကောင် နှင့် တစ်ကောင် ကွဲပြားခြားနားသည်။ အရွယ် မရောက်သေးသောအကောင်များတွင် ကိုယ်ခန္ဓာ အရေပြားအရောင်မှာ စိုင်ကဲ့သို့ နီဝါရောင်၊ အနက် သို့မဟုတ် ချောကလက်ရောင် ဖြစ်နေသည်။ 

ဓလေ့စရိုက်

ပြောင်တို့သည် နံနက်စောစော အာရုဏ်တက်ချိန်မှ နေမြင့်ပြီး အပူချိန်မြင့်လာသည်အထိ စားကျက်၌ အစာစားနေလေ့ရှိသည်။ ပုံမှန်အားဖြင့် ၈ ကောင်မှ ၁၂ ကောင်ထိ အုပ်စုငယ်ဖွဲ့၍ နေတတ်သည်။ စားကျက်ကောင်းသည့်နေရာများတွင် အကောင် ၃၀ ခန့်ထိ စုရုံးနေသည်ကို လည်း တွေ့ရတတ်သည်။ ကိုင်းပင်၊ သက်ကယ်ပင်တို့ကို စားလေ့ရှိသည်။ မျှစ်နှင့် ချုံပင်အရွက် များကို ကိုက်ဖြတ်စားတတ်သည်။ မိုးရာသီတွင် တောင်ကုန်းထိပ်တွင် ကျက်စားပြီး နွေရာသီ တွင် ရေနှင့်နီးသော မြေနိမ့်ပိုင်း မြက်ခင်းများသို့ ဆင်းလာကာ အစာရှာစားတတ်သည်။ ဆားကျင်းရှိရာသို့လည်း မကြာခဏလာရောက်ကာ ဆားလျက်လေ့ရှိသည်။ မတ်လနှင့် ဧပြီလ ကာလသည် မိတ်လိုက်ရာသီ အမြင့်ဆုံးချိန်ဖြစ်သော်လည်း တစ်နှစ်ပတ်လုံး ကလေးမွေးနိုင် သည်။ ကိုယ်ဝန်ဆောင်ချိန် ၉ လခန့် ကြာမြင့်သည်။ 

နေထိုင်ရာပတ်ဝန်းကျင်

အမြဲစိမ်းတောများတွင် နေလေ့ရှိသည်။ မြန်မာနိုင်ငံ၌ တောင်တန်းထူထပ်၍ စွတ်စိုတောများ ရှိရာအရပ်ဒေသအားလုံး၌ ပြောင်ကို တွေ့နိုင်သည်။ တောရှင်းနေသော တောင်ပေါ်သစ်တော များတွင် အများအားဖြင့် တွေ့နိုင်သည်။ အမဲလိုက်ခြင်းကြောင့် ယခုအခါ ကောင်ရေများစွာ လျော့နည်းနေပြီဖြစ်သည်။ 


 

 

အခြား သတ္တဝါမျိုးစိတ်များ