Skip to main content

အခြားလုပ်ငန်းများ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်၊ လျှို့ဝှက် Hotline လေ့ကျင့်သင်ကြားပေးခြင်း 

တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်းဧရိယာအတွင်း တရားမဝင် သစ်ထုတ်လုပ် ခြင်း၊ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများအား တရားမဝင် ရောင်းဝယ် ဖောက် ကားခြင်း၊ နယ်မြေအတွင်း ထူးခြား ဖြစ်စဉ်များအား စီမံကိန်းဝန်ထမ်းများထံသို့ သတင်းပေးပို့တင်ပြခြင်း ဆောင်ရွက်နိုင်ရေးအတွက် ရာဖူး၊ မိကျောင်းလှောင်း၊ ရေပုံးနှင့် သက္ကယ်ကွက် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများမှ ဒေသခံ ပြည်သူ (၂၀) ဦးအတွက် ၁၀၀၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကဒ် (၂၀) ကဒ် ပံ့ပိုး ပေးခဲ့ပါသည်။

 

SMART ကင်းလှည့်ဒေတာ နှင့် ရလဒ် အခြေခံ ချဉ်းကပ်မှုများကို အသုံးပြု၍ ကင်းလှည့်ခြင်းလုပ်ငန်းကို အကဲဖြတ်ခြင်း၊ လစဉ် ဥပဒေစိုးမိုးမှုကို စောင့်ကြည့်ခြင်း

ဥပဒစိုးမိုးရေးအဖွဲ့နှင့်စခန်းခွဲများမှ လစဉ် ဆောင်ရွက်လျက်ရှိသည့် ကင်းလှည့် ထိန်းသိမ်းခြင်း လုပ်ငန်းများမှရရှိလာသည့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အချက်အလက်များကို SMART Database စနစ် အတွင်းသို့ ထည့်သွင်း၍  သဘာဝကြိုးဝိုင်းအတွင်းရှိ   ဇီဝမျိုးစုံမျိုးကွဲများ၏ လက်ရှိရှင်သန်ကျက်စား နေထိုင်မှုပုံစံများ၊ ခြိမ်းခြောက်မှုအန္တရာယ်များနှင့်အတူ ကင်းလှည့်ဝန်ထမ်း များ၏ လုပ်ငန်းဆောင်ရွက် မှုများကို လစဉ် ကြီးကြပ်သုံးသပ်ခြင်း ဆောင်ရွက်ပါသည်။

 

 

SMART သင်တန်းဖွင့်လှစ်ပို့ချခြင်း 

ဇီဝမျိုးစုံမျိုးကွဲများ၏ ရှင်သန်ကျက်စားမှုနှင့် ခြိမ်းခြောက်မှု အန္တရာယ် များကို လေ့လာသုံးသပ်၍ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် တင်ဆောင်ရွက်နိုင်ရန် အတွက် ဥပဒေ စိုးမိုးရေးဆိုင်ရာလုပ်ငန်းများ ပိုမို ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ သို့အတွက် သဘာဝဝန်းကျင်နှင့်သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ သင်တန်းသား (၂၀) ဦးအား ကင်းလှည့် ထိန်းသိမ်း ခြင်းမှ ရရှိလာသည့် အချက်အလက်များကို SMART Database စနစ်အတွင်းသို့ စနစ်တကျ ထည့်သွင်းဆန်းစစ်ခြင်း၊ SMART နည်းပညာအသုံးပြုခြင်း နှင့် ကင်မရာထောင်ချောက်များ တပ်ဆင်၍ တောရိုင်းတိရစ္ဆာန်များ၏ ကျက်စား နေထိုင်မှုများကို လေ့လာခြင်းများကို သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ သင်တန်းဆရာနှင့်ပြင်ပပညာရှင်များဖိတ်ခေါ်၍ စီမံကိန်းမှ (၂၆-၂-၂၀၂၄) ရက်နေ့မှ (၁-၃-၂၀၂၄) ရက်နေ့အထိ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းကာကွယ်ခြင်းအတွက် ကင်းလှည့် ထိန်းသိမ်းခြင်း လုပ်ငန်းဆိုင်ရာ အချက်အလက်များအား SMART နည်းပညာအသုံးပြု၍ လေ့လာဆန်းစစ်ခြင်း သင်တန်းကို ဗဟိုသစ်တော လုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန(CFDTC-မှော်ဘီ)တွင် ဖွင့်လှစ် ပို့ချဆောင်ရွက်ခဲ့ပါသည်။  


 

Implementation of Project Operations