Skip to main content

တောရိုင်းတိရစ္ဆာန်အထောက်အကူပြုဆားကျင်းများ ပြုလုပ်ပေးခြင်း

တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာရှိ စီမံကိန်းဧရိယာအတွင်း လစဉ် ပုံမှန်ကင်းလှည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရာမှ တွေ့ရှိရသည့် တောရိုင်း တိရစ္ဆာန်များ၏ နေထိုင်ကျက်စားမှုအခြေအနေများ အပေါ်မူတည်၍ တောရိုင်း တိရစ္ဆာန်များအတွက် လိုအပ်သော အာဟာရ ဓာတ်များရရှိစေရေး ဆားကျင်း များပြုလုပ်ခြင်း လျာထား(၁၀)ကျင်းကို အလယ်စခန်းနှင့် ရာဖူးစခန်းခွဲ ဧရိယာ တွင် ဆောင်ရွက်ခဲ့သည့်အပြင် ရေပုံးစခန်းခွဲဧရိယာရှိ ရေပုံးချောင်းနှင့် ဗျက္ကသန် ချောင်းနံဘေးတွင် တောရိုင်းတိရစ္ဆာန်များ၏ ကျက်စားနေထိုင်မှု အခြေအနေ များအရ (၅)ကျင်း ထပ်မံပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆားကျင်း(၁၅)ကျင်း ပြုလုပ် ခဲ့သည့်နေရာများအား ကွင်းဆင်းစစ်ဆေးမှုများအရ တောရိုင်းတိရစ္ဆာန်များ လာရောက်ကျက်စားသည့် အခြေအနေများကို လေ့လာ တွေ့ရှိခဲ့ရ ပါသည်။ 
 

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာရှိ စီမံကိန်းဧရိယာအတွင်း လစဉ်ပုံမှန်ကင်းလှည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရာမှ တွေ့ရှိရသည့် တောရိုင်း တိရစ္ဆာန်များ၏ နေထိုင်ကျက်စားမှုအခြေအနေများ အပေါ်မူတည်၍ တောရိုင်း တိရစ္ဆာန်များအတွက် လိုအပ်သော အာဟာရ ဓာတ်များရရှိစေရေး ဆားကျင်း (၂၅) ကျင်းပြုလုပ်ရန် လျာထားခဲ့ပြီး သက္ကယ်ကွက်၊ ရေပုံး၊ မိကျောင်းလှောင်း၊ မရမ်းချောင်း၊ ကျောက်ရှပ် စခန်းခွဲ ဧရိယာများတွင် ဆားကျင်း (၃၀) ကျင်း ပြုလုပ်ခဲ့ပါသည်။