Skip to main content

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောအသုံးပြုသူများအဖွဲ့မှ စိတ်ပါဝင်စားသည့် ဒေသခံပြည်သူများ ကင်းလှည့်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲ ကျင်းပခြင်း

             သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ   ၃-၁၀-၂၀၂၅ ရက်နေ့ (သောကြာနေ့) နံနက် (၀၉:၀၀) နာရီအချိန်တွင်      တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ မိကျောင်းလှောင်းစခန်း၊   အစည်းအဝေးခန်းမတွင်   “ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူများအဖွဲ့မှ စိတ်ပါဝင်စားသည့် ဒေသခံ    ပြည်သူများ ကင်းလှည့်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခဲ့ရာဦးရဲထွဋ်၊ ဥယျာဉ်အုပ်ချုပ်ရေးမှူး အဖွင့်အမှာစကားပြောကြားခဲ့ပြီး  စီမံကိန်းဦးစီးအရာရှိ ဦးချမ်းငြိမ်းက တနင်္သာရီသဘာဝကြိုးဝိုင်း လုပ်ငန်းစီမံကိန်းအတွင်း ကင်းလှည့်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ စီမံကိန်းမှ ဆောင်ရွက်လျက်ရှိသည့် ကင်းလှည့်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ကင်းလှည့် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဒေသခံများ၏အရေးပါပုံ၊      ရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ စိန်ခေါ်မှု/ အခက်အခဲ၊ ဖြေရှင်းနိုင်မည့် နည်းလမ်းများအား ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအသုံးပြုသူများအဖွဲ့များမှ ကင်းလှည့်ထိန်းသိမ်း ရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။ 

               အဆိုပါ ဆွေးနွေးပွဲသို့ စီမံကိန်းဝန်ထမ်း (၁၈) ဦးနှင့် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောအသုံးပြုသူများအဖွဲ့များမှ (၂၂) ဦး၊ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။