Skip to main content

တောရိုင်းတိရစ္ဆာန်အထောက်အကူပြုအပင်များ စိုက်ပျိုးခြင်း

တနင်္သာရီသဘာဝကြိုးဝိုင်း၊ မိကျောင်းလှောင်းစခန်းခွဲဧရိယာတွင် တောရိုင်းတိရစ္ဆာန်များအတွက် အထောက်အကူပြုနိုင်ရေး ပျဉ်းကတိုး၊  ဖန်ခါး၊ တောကြက်မောက်၊ သပြေနီ၊ သပြေရွက်ကြီး၊ သကြား၊ ဆီးဖြူ၊ တောင်ပိန္နဲစသည့် ဒေသမျိုးရင်းနှင့် တောရိုင်းတိရစ္ဆာန်သီးပင်စားပင် (၇၀၀) ပင် စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ပါသည်။ 

 

တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိကျောင်းလှောင်းစခန်းခွဲဧရိယာ၌ တောရိုင်းတိရစ္ဆာန်များအတွက် အထောက်အကူပြုနိုင်ရေး တောရိုင်းတိရစ္ဆာန် အစားအစာပင်များဖြစ်ကြသည့် စပါး၊ ပဲစင်းငုံစသည့် အပင် (၅၀၀၀) ပင် စိုက်ပျိုးခဲ့ပါသည်။ 

 

သစ်တောဦးစီးဌာန၏ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ရေးအစီအစဉ်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိကျောင်းလှောင်းစခန်းခွဲဧရိယာ တွင် ‌တောရိုင်းတိရစ္ဆာန်အထောက်အကူပြုအပင်များ ဖြစ်ကြသည့် တောကြက်မောက် (၅၀၀) ပင်၊ သပြေ (၂၀၀) ပင်၊ ဖန်ခါး (၁၅၀) ပင်၊ သစ်တို (၁၀၀) ပင်၊ သကြား (၃၀) ပင်နှင့် တောင်ပိန္နဲ (၂၀) ပင်၊ စုစုပေါင်း (၁၀၀၀) ပင်ကို စိုက်ပျိုးခဲ့ပါသည်။