Skip to main content

ကင်းလှည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း

 ကင်းလှည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း(၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်)

တနင်္သာရီသဘာဝကြိုးဝိုင်းဧရိယာအတွင်း ကင်းလှည့်စစ်ဆေးခြင်း၊ တနင်္သာရီသဘာဝ ကြိုးဝိုင်းအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများအား ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ ကျက်စားနေထိုင်မှုများအား လေ့လာသိရှိနိုင်ရန်အတွက်  စခန်းခွဲများမှ ဧရိယာအလိုက်ကင်းလှည့်စစ်ဆေးခြင်း (ကင်းတို/ ကင်းရှည်) အား လစဉ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိကျောင်းလှောင်းနှင့် ရေပုံးစခန်းခွဲဧရိယာအတွင်း ကင်းလှည့်စစ်ဆေးခြင်း(ကင်းရှည်) (၂) ကြိမ် နှင့် မရမ်းချောင်း၊ရေပုံး၊ သက္ကယ်ကွက်၊ မိကျောင်းလှောင်းနှင့် ကျောက်ရှပ်စခန်းခွဲဧရိယာများတွင် ကင်းလှည့်စစ်ဆေးခြင်း (ကင်းတို) (၁၆) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။  စိတ်ပါဝင်စားသည့် ဒေသခံများမှ Volunteer ကင်းလှည့်စစ်ဆေးခြင်းကို ရာဖူး၊ ရေပုံး၊ သက္ကယ်ကွက်၊ မိကျောင်းလှောင်းနှင့် ကျောက်ရှပ်စခန်းခွဲဧရိယာများတွင် (၂၀) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။  

 

 ကင်းလှည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း(၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်)

တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာရှိ ဇီဝမျိုးစုံမျိုးကွဲများအား ကာကွယ် ထိန်းသိမ်းနိုင်ရန်နှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အချက်အလက်များရရှိစေရန် အတွက် ကင်းလှည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် စခန်းခွဲများမှ ဧရိယာ အလိုက် ကင်းလှည့်စစ်ဆေးခြင်း (၃ ညအိပ် ၄ ရက်)အား လစဉ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အလယ် စခန်း၊ ရာဖူး၊ မရမ်းချောင်း၊ မိကျောင်းလှောင်းနှင့် ရေပုံး စခန်းခွဲ (၅)ခု၏ ဧရိယာ အတွင်း ကင်းလှည့်စစ်ဆေးခြင်း (၁၂) ကြိမ် ကို လျာထားချက်ထက် ပိုမို ဆောင်ရွက်နိုင်ခဲ့ပြီး အမဲလိုက်ခြင်းဆိုင်ရာ လက္ခဏာများ၊ မုဆိုးများ စခန်းချ သော အနေအထားများစသည့် ခြိမ်းခြောက်မှု အချက်အလက်များကို မူတည်၍ အမဲလိုက်ခြင်း၊ ငါးဖမ်းခြင်းတို့ကို ထိန်းချုပ်နိုင်ရေး ကင်းလှည့်စစ်ဆေးခြင်းကို (၂) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။  

Hotspots နေရာများအား အဓိကထား၍ ရွေ့လျားယာဉ်အသုံးပြု၍ ကင်းလှည့် ဆောင်ရွက်ခြင်း 

သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း ပုံမှန်ကင်းလှည့်စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင်တွေ့ရှိရသည့် သတင်းအချက်အလက်များနှင့် ဒေသခံများထံမှ ရရှိသည့် သတင်းအချက်အလက်များအရ တရားမဝင် သစ်ထုတ်လုပ်မှု အဓိက ဖြစ်ပွားနိုင်သည့်နေရာများသို့ ကင်းလှည့် စစ်ဆေးခြင်း၊ တရားမဝင် အမဲလိုက် ခြင်းကို ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
စီမံကိန်းကာလအတွင်း တရားမဝင်သစ်ထုတ်လုပ်မှု အဓိကဖြစ်ပွားသည့် နေရာ များသို့ မိုဘိုင်းကင်းလှည့်စစ်ဆေးခြင်း (၄)ကြိမ်ကို လျာထားချက်အတိုင်း ပြည့်မီ အောင်ဆောင်ရွက်ခဲ့ပါသည်။ ကင်းလှည့်စစ်ဆေးခြင်းကို ဓာတ်ငွေ့ ပိုက်လိုင်း ထိန်းသိမ်းရေးလမ်းတွင် ဆောင်ရွက်ခဲ့ပြီး ကင်းလှည့်စစ်ဆေးခြင်း ဆောင်ရွက် သည့် နံနက် ၀၈:၀၀ မှ ညနေ ၁၆:၀၀ နာရီအတွင်း တရားမဝင် သစ်ထုတ်လုပ်ခြင်း၊ အမဲလိုက်ခြင်းနှင့် တောရိုင်းတိရစ္ဆာန်အစိတ်အပိုင်းများကို တရားမဝင်သယ်ယူခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ခြင်းမရှိခဲ့ပါ။ 

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကင်းလှည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း

တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာရှိ ဇီဝမျိုးစုံမျိုးကွဲများအား ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အချက်အလက်များ ရရှိစေရန်အတွက် ကင်းလှည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် စခန်းခွဲများမှ ဧရိယာ အလိုက် ကင်းလှည့်စစ်ဆေးခြင်း (၃ ညအိပ် ၄ ရက်)အား လစဉ် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိကျောင်းလှောင်း၊ ကျောက်ရှပ်၊ ရေပုံးနှင့် သက္ကယ်ကွက်စခန်းခွဲ ဧရိယာများတွင် ကင်းလှည့်စစ်ဆေးခြင်း(ကင်းရှည်) (၄) ကြိမ် နှင့် မရမ်းချောင်း၊ မိကျောင်းလှောင်း၊ ကျောက်ရှပ်၊ ရေပုံးနှင့် သက္ကယ်ကွက် စခန်းခွဲ ဧရိယာများတွင် ကင်းလှည့်စစ်ဆေးခြင်း (ကင်းတို) (၃၀) ကြိမ်နှင့် ခြိမ်းခြောက်မှုအန္တရာယ်များအပေါ်မူတည်၍ သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍ ကင်းလှည့်စစ်ဆေးခြင်း (၃) ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ 
 

 

 

 

Implementation of Project Operations