Skip to main content

တောရိုင်းတိရစ္ဆာန်အထောက်အကူပြုအပင်များ စိုက်ပျိုးခြင်း

တနင်္သာရီသဘာဝကြိုးဝိုင်း၊ မိကျောင်းလှောင်းစခန်းခွဲဧရိယာတွင် တောရိုင်းတိရစ္ဆာန်များအတွက် အထောက်အကူပြုနိုင်ရေး ပျဉ်းကတိုး၊  ဖန်ခါး၊ တောကြက်မောက်၊ သပြေနီ၊ သပြေရွက်ကြီး၊ သကြား၊ ဆီးဖြူ၊ တောင်ပိန္နဲစသည့် ဒေသမျိုးရင်းနှင့် တောရိုင်းတိရစ္ဆာန်သီးပင်စားပင် (၇၀၀) ပင် စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ပါသည်။ 

 

တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိကျောင်းလှောင်းစခန်းခွဲဧရိယာ၌ တောရိုင်းတိရစ္ဆာန်များအတွက် အထောက်အကူပြုနိုင်ရေး တောရိုင်းတိရစ္ဆာန် အစားအစာပင်များဖြစ်ကြသည့် စပါး၊ ပဲစင်းငုံစသည့် အပင် (၅၀၀၀) ပင် စိုက်ပျိုးခဲ့ပါသည်။ 

 

သစ်တောဦးစီးဌာန၏ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ရေးအစီအစဉ်အရ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိကျောင်းလှောင်းစခန်းခွဲဧရိယာ တွင် ‌တောရိုင်းတိရစ္ဆာန်အထောက်အကူပြုအပင်များ ဖြစ်ကြသည့် တောကြက်မောက် (၅၀၀) ပင်၊ သပြေ (၂၀၀) ပင်၊ ဖန်ခါး (၁၅၀) ပင်၊ သစ်တို (၁၀၀) ပင်၊ သကြား (၃၀) ပင်နှင့် တောင်ပိန္နဲ (၂၀) ပင်၊ စုစုပေါင်း (၁၀၀၀) ပင်ကို စိုက်ပျိုးခဲ့ပါသည်။ 

 

Implementation of Project Operations