အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပခြင်း
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းသည် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနေ့ အခမ်းအနား ကို (၂၂-၅-၂၀၂၆)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကလိန်အောင်မြို့၊တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ မိချောင်းလှောင်စခန်းခွဲရုံး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ခန်းမ(EEC) ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနေ့ အခမ်းအနား မှတ်တမ်းဗီဒီယိုပြသခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆိုင်ရာ ဉာဏ်စမ်း ပဟေဋ္ဌိမေးမြန်းခြင်း၊ကလေးငယ်များအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပခြင်း၊ ဆုချီးမြှင့် ခြင်း များ ဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူ ကျောင်းသား/ကျောင်းသူ (၇၀) ဦး တက်ရောက် ခဲ့ကြ ပါသည်။
