ဇီဝမျိုးစုံမျိုးကွဲများ၏ ရှင်သန်ကျက်စားမှုနှင့် ခြိမ်းခြောက်မှု အန္တရာယ်များကို လေ့လာသုံးသပ်၍ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ် သည့် ဥပဒေ စိုးမိုးရေးဆိုင်ရာလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် လိုအပ်လျက် ရှိပါသည်။
သို့အတွက် သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ သင်တန်းသား (၂၀) ဦးအား “ကင်းလှည့် ထိန်းသိမ်းခြင်းလုပ်ငန်းဆိုင်ရာအချက်အလက်များအား SMART နည်းပညာအသုံးပြု၍ လေ့လာ ဆန်းစစ်ခြင်းသင်တန်း” ကို မှော်ဘီမြို့၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးဌာန (CFDTC) တွင် ၂၆-၂-၂၀၂၄ ရက်နေ့မှ ၁-၃-၂၀၂၄ ရက်နေ့ထိ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ သင်တန်းဆရာနှင့် ပြင်ပပညာရှင်များမှ သင်တန်းပို့ချခြင်း ဆောင်ရွက်ခဲ့ပါသည်။