အောင်ချင်းစာငှက်
အောင်ချင်းစာငှက် (Great Hornbill- Buceros )
- အောင်လောင်ငှက် (သို့) ယောင်ယင်ငှက်ဟုလည်း ခေါ်သည်။ နှုတ်သီးနှင့် မူလအမွေးရောင်များသည် တင်ပါး၏ ဂလင်းမှ ထွက်သော အစေးတစ်မျိုးကြောင့် အဝါရောင် ဖြစ်နေတတ် သည်။ ငှက်ဖို၏ မျက်နက်ဝန်းသည် အနီရောင်ဖြစ်သော် လည်း ငှက်မ၏ မျက်နက်ဝန်းမှာမူ အဖြူရောင်ဖြစ်သည်။
- ရန်ကုန်တိုင်းဒေသကြီးမှလွဲ၍ ကျန်ပြည်နယ်နှင့် တိုင်းဒေသ ကြီးတို့တွင် တွေ့ရှိရသည်။