ဒေသခံများအားပံ့ပိုးကူညီခြင်း
ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပေးခြင်းအားဖြင့် ဒေသခံပြည်သူများမှ သဘာဝ ကြိုးဝိုင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ တန်ဖိုးကို သိမြင်နားလည်လာပြီး ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ဖြင့် စီမံကိန်းအနေဖြင့် သဘာဝကြိုးဝိုင်းအနီးဝန်းကျင် နေထိုင်သည့် ဒေသခံများ၏ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်စေရန် ရေရရှိရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ခြင်း၊အရင်းမပျောက်မတည်ငွေများထောက်ပံ့ပေးအပ်ခြင်း၊ ဒေသခံများ၏ အသေးစား လက်မှုစက်မှု လုပ်ငန်းများအား ကူညီထောက်ပံ့ခြင်း စသည့် လုပ်ငန်းများကို နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ပဥ္စမ (၅) နှစ်စီမံကိန်းကာလ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု
စဉ် | အကြောင်းအရာ | အရေအတွက် | လျာထား | ဆောင်ရွက်ပြီးစီး | မှတ်ချက် |
၁ | ရေရရှိရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခြင်း၊ စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများ အတွက် အသက်မွေးဝမ်းကျောင်းအစီအစဉ်များ ဆောင် ရွက်ခြင်း | ရွာ | ၁ | ၁ |
|
ပဥ္စမ (၅) နှစ်စီမံကိန်းကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု
စဉ် | အကြောင်းအရာ | ရေတွက်ပုံ | လျာထား | ဆောင်ရွက်ပြီးစီး | မှတ်ချက် |
၁ | ရေရရှိရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခြင်း | ရွာ | ၁ |
|
|
၂ | စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများအတွက်အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်ခြင်း၊ သင်တန်းများကျင်းပခြင်းနှင့် MSME (CFE) လုပ်ငန်းများဆောင်ရွက်နိုင်ရေး အရင်းမပျောက်မတည်ငွေ ကူညီပံ့ပိုး ခြင်း | ကြိမ် | ၅ |
|
|
ရေရရှိရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခြင်း
ဒေသခံများအား သန့်ရှင်းသော သောက်သုံးရေရရှိစေရေးနှင့် ကျေးရွာ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုစေရေးတို့အတွက် သဘာဝ ရေထွက်များမှ ရေသွယ်တန်းခြင်းကို ကျေးရွာလူထု၏ ပူးပေါင်းဆောင် ရွက်မှုဖြင့် စီမံကိန်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ ရေပုံးကျေးရွာတွင် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုက်နှင့်ပိုက်ဆက်ပစ္စည်းများ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ခဲ့ ပါသည်။
![]() | ![]() | ![]() |