Skip to main content

“ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ”

“ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ” ကို ၁၀-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ တနင်္သာရီသဘာဝ ကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၊ မိကျောင်းလှောင်းစခန်းခွဲ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးပြခန်း (EEC) ၌ ကျင်းပခဲ့ပါသည်။ 

“ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ”အား ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း ဆောင်ရွက် ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ရေး၊ စီမံကိန်းဧရိယာရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း စီမံကိန်းဒါရိုက်တာ၊ ဥယျာဉ်အုပ်ချုပ်ရေးမှူး၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ရတနာလူမှုစီးပွားစီမံကိန်း မှဝန်ထမ်းများ၊ တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်းဝန်ထမ်းများ၊ စီမံကိန်းဧရိယာရှိ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော အသုံးပြုသူအဖွဲ့ဝင် များ စုစုပေါင်း (၃၅) ဦး တက်ရောက်ဆွေးနွေးခဲ့ပါသည်။