Skip to main content

မိတ်ဖက်ကုမ္ပဏီများမှ Monitoring Visit လာရောက်ခြင်းခရီးစဉ်

မိကျောင်းလှောင်းပျိုးဥယျာဉ်အတွင်း ပျိုးထောင်ထားရှိသည့် ပျိုးပင်များကို ကြည့်ရှုစစ်ဆေးခြင်း

တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် လေ့လာကြီးကြပ်ခြင်း Monitoring Vist ကို ၂၄-၂-၂၀၂၅ ရက်နေ့မှ ၂၈-၂-၂၀၂၅ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါခရီးစဉ်တွင် တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ စီမံကိန်းဒါရိုက်တာ၊ သဘာဝကြိုးဝိုင်းအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများပါဝင်လျက် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များမှ လိုက်ပါကြီးကြပ်စစ်ဆေးခဲ့ကြပါသည်။

မိကျောင်းလှောင်းအမြဲတမ်းပျိုးဥယျာဉ်ဝန်းအတွင်း ၂၀၂၅ မိုးရာသီ အတွက် လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှု၊ တစ်ပိုင် တစ်နိုင် Home Garden စိုက်ပျိုး ထားရှိမှု အခြေအနေများ၊ ဌာနပိုင် ကိုင်းပွားခင်း (၂) ဧကတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြင်ဆင်ခဲ့သည့် ပျိုးဥယျာဉ်နှင့် တစ်ပိုင် တစ်နိုင် Home Garden စိုက်ပျိုးထားရှိမှု အခြေအနေများ၊ ရွှေသတ္တုတူးဖော်ပြီးစွန့်ပစ်မြေဧရိယာများတွင် သစ်တောပြုစုထိန်းသိမ်းရေးနှင့် တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည်တည်ထောင်ရေးဆောင်ရွက်မည့် တည်နေရာ၊ သစ်ခွခြံနှင့် ပရဆေးဥယျာဉ်၊ တစ်ပိုင်တစ်နိုင် Home Garden စိုက်ပျိုးထားရှိမှု အခြေအနေများ၊ မိကျောင်း လှောင်း (ရွာဟောင်း) ကျေးရွာ၊ ဌာနပိုင် ကိုင်းပွားခင်း (၂) ဧက တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြင်ဆင်ခဲ့သည့် ပျိုးဥယျာဉ်နှင့် တစ်ပိုင်တစ်နိုင် Home Garden စိုက်ပျိုးထားရှိမှု အခြေအနေများ၊ မိကျောင်းလှောင်း (ရွာဟောင်း) ကျေးရွာတွင် သောက်သုံး ရေရရှိရေးအတွက် ရေပိုက်နှင့်ပိုက်ဆက်ပစ္စည်းများ ပံ့ပိုးပေးအပ် ခြင်း အခမ်းအနားသို့ မိတ်ဖက်ကုမ္ပဏီမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပြီး မိကျောင်းလှောင်း CF မှ အသုံးပြုသူများအဖွဲ့နှင့် တွေ့ဆုံ၍ မိကျောင်းလှောင်း CF ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု များ၊ အရင်းမပျောက်မတည်ရန်ပုံငွေ လည်ပတ်သုံးစွဲလျက်ရှိသည့် အခြေအနေများ၊ NTFP များထုတ်ယူသုံးစွဲနိုင်ရေး CF နှင့် CF ပတ်ဝန်းကျင်ဧရိယာများအား မီးကာကွယ်ခြင်းလုပ်ငန်းများ ဆောင် ရွက်မည့် အစီအမံများ၊ ကျေးရွာရေရရှိရေး၊ ပညာရေး၊ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်  စီမံကိန်းမှ ပံ့ပိုးပေးရန် တင်ပြချက်များ အပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့် အချက်များကို စီမံကိန်းဒါရိုက်တာနှင့် မိတ်ဖက်ကုမ္ပဏီမှ ကိုယ်စား လှယ်များက ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။ 


တစ်ပိုင် တစ်နိုင် Home Garden စိုက်ပျိုး ထားရှိမှု အခြေအနေ

ရေပိုက်နှင့်ပိုက်ဆက်ပစ္စည်းများ ပံ့ပိုးပေးအပ် ခြင်း အခမ်းအနား

လူထုဖြန့်ပျိုးပင်များ ပျိုးထောင်ထားရှိမှု