ဗျိုင်းအောက်
ဗျိုင်းအောက် Pond-heron
- ကိုယ်အလျား ၄၅ စင်တီမီတာခန့်ရှိသည်။ အတောင်သည် အညိုရောင်ရှိ၍ ကိုယ်လုံးသည် အဖြူရောင်ဖြစ်သည်။ လည်ပင်းနှင့် ရင်ပတ်တွင် အမဲစင်းများ ပါသည်။ ပျံသန်းသည့်အခါ အတောင် နှင့် အမြီးသည် ထင်ရှားစွာဖြူနေသည်။ မိတ်မလိုက် ခင် အချိန်တွင် ဗျိုင်းအောက်အမျိုးအစားကို ခွဲခြား ၍ မရနိုင်ပေ။ ၃ လုံးမှ ၅ လုံးအထိ ဥဥသည်။ မြန်မာ နိုင်ငံအနှံ့တွင် တွေ့ရသည်။