အချက်အလက်များ
တည်နေရာနှင့် အကျယ်အဝန်း
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်အတွင်း ထားဝယ်မြစ် နှင့် ထိုင်း/မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်အကြား တည်ရှိပါသည်။ လူဝိုင်းကြိုးဝိုင်း (၂၀၈,၂၄၀) ဧကနှင့် ဟိန်းဇဲ-ကလိန်အောင်ကြိုးဝိုင်း(အပိုင်း) (၂၁၁,၈၃၇) ဧက တို့ပါဝင်ပြီး စုစုပေါင်းဧရိယာ ၁,၆၉၉ စတုရန်းကီလိုမီတာ (၄၂၀,၀၆၀ ဧက) ကျယ်ဝန်းပါသည်။
သစ်တောဖုံးလွှမ်းမှု
(FRA 2020) အရ သစ်တောဖုံးလွှမ်းမှု အခြေအနေမှာ -
ရွက်အုပ်ပိတ်တော - ၄၆.၆၇%
ရွက်အုပ်ပွင့်တော - ၂၉.၇၆ %
![]() | ![]() |
စီမံအုပ်ချုပ်မှု
စီမံကိန်းဧရိယာအား အမာခံထိန်းသိမ်းရေးနယ်မြေ ၃၃၆,၉၁၂ ဧက (၈၀%) ၊ ကြားခံ ထိန်းသိမ်းရေးနယ်မြေ ၇၉,၉၅၂ ဧက (၁၉.၀၃ %) နှင့် ဓါတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေး နယ်မြေ ၃,၂၁၃ ဧက (၀.၇၇ %)တို့အဖြစ် သတ်မှတ်၍ စီမံအုပ်ချုပ်လျက်ရှိပါသည်။ သဘာဝကြိုးဝိုင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက် လျင်မြန်မှု ရှိစေရန်အတွက် အလယ်စခန်း၊ ရာဖူး၊ မရမ်းချောင်း၊ မိကျောင်းလှောင်း၊ ကျောက်ရှပ်၊ ရေပုံး၊ ဟိန္ဇဲ၊ သက္ကယ်ကွက်၊ ကလုံးထာ၊ မြေးခံဘော်ဟူ၍ စခန်းခွဲ(၁၀)ခုဖြင့် ပိုင်းခြားသတ်မှတ်၍ စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။
![]() | ![]() |
ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု
အပင်မျိုးစိတ်များ
တနင်္သာရီ သဘာဝကြိုးဝိုင်းတွင် အဓိကအားဖြင့် အမြဲစိမ်းတောကြီး၊ ရွက်မပြတ် အမြဲစိမ်းတောငယ်၊ ရွက်ပြတ်ရောနှောတောစို၊ ရွက်ပြတ်ရောနှောတောခြောက်၊ မြစ်ကမ်း ခြေတော၊ တောင်ပေါ်ရွက်မပြတ်တော၊ ဒီရေတော၊ အမျိုးအစားများ ပေါက်ရောက် ပါသည်။ သစ်တော ဖုံးလွှမ်းမှုအနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် (၇၉.၅၃%)၊ ၂၀၁၅ ခုနှစ်တွင် (၇၆.၇၆%)၊ ၂၀၂၃ ခုနှစ် တွင် ရွက်အုပ်ပိတ်တော (၂၂၅,၆၈၃) ဧက (၅၃.၇၂%)၊ ရွက်အုပ်ပွင့်တော (၇၉,၉၃၃)ဧက (၁၉.၀၃%) ရှိပြီး သစ်တောဖုံးလွှမ်းမှု (၇၂.၇၅ %) ရှိပါသည်။ တနင်္သာရီ သဘာဝ ကြိုးဝိုင်းအတွင်း သုသေတန စစ်တမ်းဆောင်ရွက်မှုများအရ အပင်မျိုးစိတ်-၃၈၄ မျိုး / သစ်ခွမျိုးစိတ်- ၉၀ မျိုး/ ဝါးမျိုးစိတ်- ၃၀ မျိုး / ကြိမ်မျိုးစိတ်- ၁၇ မျိုး ရှင်သန်ပေါက်ရောက်လျက်ရှိပြီး သဘာဝ ကြိုးဝိုင်းအတွင်း၌ ကမ္ဘာ့ပေါ်တွင် အဓိကမျိုးသုန်းပျောက်ကွယ်ရန်အန္တာရာယ်ရှိသည့် သစ်မျိုးများဖြစ်သည့် ကပန်၊ကောင်းမှု၊ ဉပန်း၊ ရှားပါး ကညင် မျိုးစိတ်များနှင့် အခြားရှားပါးသစ်ခွများလည်း ရှင်သန်ပေါက်ရောက် လျက်ရှိ ကြောင်းတွေ့ရပါသည်။
တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းရှိ IUCN Redlists အရ ကမ္ဘာ့ပေါ်တွင် ရှားပါး အပင်မျိုးစိတ်များစာရင်း
No. | Local Common Name | Scientific Name | IUCN Threat status |
1 | Ka- ban | Anisoptera curtisii | Critically Endangered (CR) |
2 | Kaung-mu | Anisoptera scaphula | Critically Endangered (CR) |
3 | Kanyin-byan | Dipterocarpus grandiflorus | Critically Endangered (CR) |
4 | Kanyin-ni | Dipterocarpus turbinatus | Critically Endangered (CR) |
5 | Kyauk-thingan | Hopea helferi | Critically Endangered (CR) |
6 | Thin-gan-ma-ka-lay | Hopea sangal | Critically Endangered (CR) |
7 | Ka-dut-net | Parashorea stellate | Critically Endangered (CR) |
8 | Me- chaung - kyee | Shorea assamica | Critically Endangered (CR) |
9 | U-ban | Shorea farinosa | Critically Endangered (CR) |
10 | Kanyin | Dipterocarous dyeri | Critically Endangered (CR) |
11 | Kanyin pyan ywet kyi | Dipterocarpus kerrii | Critically Endangered (CR) |
12 | Ban Kaya | Shorea gratissima | Endangered (EN) |
13 | Kaban/ Ban | Anisoptera costata | Endangered (EN) |
14 | Kanyin phyu | Dipterocarpus alatus | Endangered (EN) |
15 | Kanyin ywet thay | Dipterocarpus costatus | Endangered (EN) |
16 | Yin-daik | Dalbergia cultrate | Endangered (EN) |
17 | Taung-bok | Diospyros | Endangered (EN) |
18 | Banthangyin | Shorea henryana | Endangered (EN) |
19 | Kanyin kyaung che | Vatica dyeri | Endangered (EN) |
ဥပန်းကရား (ဖွတ်မတက်) (Shorea gratissima)
Family- Dipterocarpaceae
ဥပန်းကရား (ဖွတ်မတက်) ပင်သည် ရေစီးရေလာနှင့် စိမ့်စမ်း ကောင်းသောနေရာများ၊ ကမ်းရိုးတန်းဒေသများတွင် တွေ့ရှိနိုင်သည့် အပင်ကြီးမျိုးဖြစ်သည်။ ပင်စည်ရှိ အခေါက်စင်းများသည် ထူးခြားစွာ အထက်သို့လှန်နေပြီး တက်ရောက်ရန် ခက်ခဲသဖြင့် ဒေသအခေါ် ဖွတ်မတက်ပင်ဟူ၍ ခေါ်ဝေါ် သုံးစွဲကြသည်။
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိက ပေါက်ရောက်ပါသည်။
ကောင်းမှု (Anisoptera scaphula)
Family- Dipterocarpaceae
ကောင်းမှုပင်သည် အပင်ကြီးမျိုးဖြစ်၍ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် တွေ့ရှိရသည်။ အမြင့်ပေ ၁၅၀ ခန့်နှင့် လုံးပတ် ပေ ၂၀ ကျော်ခန့်အထိ ရှိတတ်သည်။
ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးရိုးမ၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးရှိ အမြဲစိမ်းတောများ၌ ပေါက်ရောက်ပါသည်။

ကပန်သံကျင် (Shorea roxburghii )
ကပန်သံကျင်ပင်သည် ရွက်ကြွေတောနှင့် အမြဲစိမ်းတောများတွင် ပေါက်ရောက်သည့် အပင်ကြီးမျိုးဖြစ်ပြီး အမြင့်ပေ ၁၅၀ ခန့်အထိ ရှိ တတ်သည်။ ပင်စည်ဖြောင့်တန်းကာ လုံးပတ် ၁၅ ပေခန့်အထိရှိပြီး ရံဖန်ရံခါ ပါးပျဉ်းအနည်းငယ်ပါလေ့ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဓိက ပေါက်ရောက်ပါသည်။

သတ္တဝါမျိုးစိတ်များ
တနင်္သာရီ သဘာဝကြိုးဝိုင်းသည် အပူပိုင်းမုတ်သုံသစ်တောကြီးများနဲ့ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝတဲ့ သဘာဝကြိုးဝိုင်းတစ်ခု ဖြစ်ပြီး ကမ္ဘာ့ပေါ်တွင် မျိုးသုန်းပျောက်ကွယ်မည့် အန္တာရာယ်နှင့်ရင်ဆိုင်နေရသည့် ကြံ့သူတော်များ၏ အဓိက ကျက်စားရာ ဧရိယာ တစ်ခုဖြစ်ပါသည်။ ကြံသူတော်များသည် ကမ္ဘာပေါ်တွင် အာရှဒေသများဖြစ်သည့် ထိုင်း၊မြန်မာ၊မလေးရှား အင်ဒိုနီးရှားနိုင်ငံတို့တွင်သာတွေ့ရပြီး သုသေတနခန့်မှန်းချက်များအရ ၂၀၀၈ ခုနှစ် အကောင်ရေ ၁၅၀၀ မှ ၂၀၀၀ ခန့်သာကျန်ပြီး ကြံသူတော်များအရေအတွက်သည် နှစ်စဉ်လျော့နည်းလျက်ရှိပါသည်။
တနင်္သာရီ သဘာဝ ကြိုးဝိုင်းအတွင်း ကမ္ဘာ့ပေါ်တွင် မျိုးသုန်း ပျောက်ကွယ်ရန် အန္တာရယ်ရင်ဆိုင်နေရသည့် တောရိုင်းတိရစ္ဆာန်များဖြစ်သည့် သင်းခွေချပ်၊ ကျား၊ အင်းကျား ၊ ကျားမင်း၊ ဝက်ဝံ၊ အခြား ရှားပါးကြောင်မျိုးစိတ်များနှင့် မျောက်မျိုးစိတ်များ ကျက်စား နေထိုင်လျက်ရှိပါသည်။ ထို့အပြင် တနင်္သာရီ သဘာဝ ကြိုးဝိုင်းဧရိယာတွင် ကမ္ဘာ့ပေါ်တွင် အဓိကမျိုးသုန်းပျောက်ကွယ်ရန်အန္တာရာယ်ရှိသည့် သစ်မျိုးများဖြစ်သည့် ကပန်၊ကောင်းမှု၊ ဉပန်း၊ ရှားပါးကညင်မျိုးစိတ်များနှင့် အခြားရှားပါးသစ်ခွများလည်း ရှင်သန်ပေါက်ရောက် လျက်ရှိ ကြောင်းတွေ့ရပါသည်။
တနင်္သာရီ သဘာဝ ကြိုးဝိုင်းအတွင် သုသေတန စစ်တမ်းဆောင်ရွက်မှုများအရ နို့တိုက်သတ္တဝါ- ၆၇ မျိုး /ငှက်မျိုးစိတ်-၂၄၄ မျိုး/ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ- ၆၆ မျိုး ကျက်စားနေထိုင်လျက်ရှိကြောင်းတွေ့ရပါသည်။
Threatened and near-threatened mammal species confirmed in the TNR.
No. | English Common Name | Scientific Name | IUCN Threat status |
---|---|---|---|
1 | Sunda Pangolin | Manis javanica | Critically Endangered (CR) |
2 | Indochinese Tiger | Panthera tigris corbetti | Endangered (EN) |
3 | Asian Elephant | Elepha maximus | Endangered (EN) |
4 | Dhole | Cuon alpinus | Endangered (EN) |
5 | Sambar | Cervus unicolor | Vulnerable (VU) |
6 | Sun bear | Helarctos malayanus | Vulnerable (VU) |
7 | Northern Pig-tailed Macaque | Macaca leonine | Vulnerable (VU) |
8 | Stump-tailed Macaque | Macaca arctoides | Vulnerable (VU) |
9 | Asian Tapir | Tapirus indicus | Vulnerable (VU) |
10 | Asiatic Black Bear | Ursus thibetanus | Vulnerable (VU) |
11 | Clouded Leopard | Neofelis nebulosa | Vulnerable (VU) |
12 | Marbled Cat | Pardofelis marmorata | Vulnerable (VU) |
13 | Gaur | Bos frontalis | Vulnerable (VU) |
14 | Binturong | Arctictis binturong | Vulnerable (VU) |
15 | Asian Golden Cat | Catopuma temmimckii | Near Threatened (NT) |
16 | Chinese Serow | Capricornis milneedwardsi | Near Threatened (NT) |
17 | Large Indian Civet | Viverra zibetha | Near Threatened (NT) |
18 | Fea’s Muntjac | Muntiacus feae | Data Deficient (DD) |
Threatened and near-threatened bird species recorded in TNR
No. | English Common Name | Scientific Name | IUCN Threat status |
1 | Plain-Pouched Hornbill | Aceros subrelficollis | Vulnerable (VU) |
2 | Blue-Banded Kingfisher | Alcedo Euryzona | Vulnerable (VU) |
3 | Green Peafowl | Pavo muticus | Vulnerable (VU) |
4 | Blue-Rumped Parrot | Psittinus eyamurus | Near Threatened (NT) |
5 | Lagger Falcon | Polibierax insignis | Near Threatened (NT) |
6 | Green Broadbill | Calyptomena uiridis | Near Threatened (NT) |
7 | Black Magpie | Platysumurus leucopterus | Near Threatened (NT) |
8 | Buff-Vented Bulbul | Iole olivacea | Near Threatened (NT) |
9 | Ferrugimous Partridge | Arborophila charltonii | Near Threatened (NT) |
10 | Red Throated Barbet | Megalaima mystacophanos | Near Threatened (NT) |
11 | Great Hornbill | Buceros bicornis | Near Threatened (NT) |
12 | Brown Hornbill | Anorrhunus tickelli | Near Threatened (NT) |
13 | White Rumped Falcon | Polihierax insignis | Near Threatened (NT) |
အာရှဆင် - Asian Elephant (Elephas maximus)
ပြင်ပလက္ခဏာ
ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်းအရှည် ၄-၆ မီတာ ရှိသည်။ အမြီး ၁-၁.၅ မီတာရှည်သည်။ ခန္ဓာကိုယ် ပိုင်းရှည်လျား၍ အလွန်အရွယ်အစားကြီးမားသော သတ္တဝါဖြစ်သည်။ ညိုမည်းရောင် (သို့မဟုတ်) ညိုမွဲ ရောင်ရှိသည်။ ခြောက်သွေ့နေပါက ခန္ဓာကိုယ်၏ အရောင်ဖျော့၍ ရေစိုနေပါက အနက်ရောင်ဖြစ်ပေါ် နေသည်။ ဦးခေါင်းတုတ်ခိုင်၍ နားရွက် တြိဂံပုံရှိ သည်။ အရေပြားထူသည်။ အမွှေးကျဲသည်။ အမြီး ထိပ်ဖျားမှ အမွှေးစုရှည်မှာ သန်မာသည်။ ခြေထောက်များ တိုင်ကဲ့သို့ဖြစ်နေသည်။ အထီးမှာ အမထက်အရွယ်အစားကြီး၍ အစွယ်ရှိတတ်သည်။
ဓလေ့စရိုက်
၅ ကောင်မှ အကောင် ၂၀ ထိ စုဝေး၍ အုပ်စုလိုက်သွားလာလှုပ်ရှားနေတတ်သည်။ နေ့ရောညပါ ထွက်သည့် သတ္တဝါဖြစ်သည်။ များသောအားဖြင့် နေဝင်ပြီး ၂ နာရီနောက်မှသည် နံနက်ပိုင်း နေထွက်ချိန်ရောက်သည်အထိ အစာလိုက်လံရှာဖွေစားသောက်နေလေ့ရှိသည်။ ဝါး၊ မြက်နုရှည် မျိုး၊ နွယ်ပင်နှင့် ချုံပင်အမျိုးမျိုးကို စားသုံးသည်။ ရေကူးကျွမ်းကျင်သည်။ အမြင်အာရုံအားနည်း သော်လည်း အနံ့ခံမှုနှင့် အကြားအာရုံ လွန်စွာအားသာသည်။
နေထိုင်ရာပတ်ဝန်းကျင်
ရွက်ကြွေတော၊ အမြဲစိမ်းတောနှင့် မြက်ခင်းပြင်ဒေသတို့၌ ကျက်စားသည်။ မြေပြန့်တောများမှ သည် မီတာ ၃၀၀၀ အမြင့် တောင်ကုန်းများထိ တွေ့နိုင်သည်။ မြစ်ကမ်းစပ်၊ ချောင်းကမ်းစပ်များ ၌လည်း တွေ့ရတတ်သည်။ သဲဆားတွင်း (Salt Licks) များရှိရာ နေရာများသည် ဆင်များ မှီတင်းနေထိုင်ရာ အရပ်ဒေသ၏ အရေးအကြီးဆုံး လိုအပ်ချက်တစ်မျိုးဖြစ်သည်။

အင်ဒိုချိုင်းနားကျား - Indochinese Tiger (Pantera tigris cobetti)
ပြင်ပလက္ခဏာ
ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၁၇၀-၂၃၀ စင်တီမီတာရှိသည်။ အမြီး ၉၀-၁၂၀ စင်တီမီတာ ရှည်သည်။ ကြောင်အမျိုးအစား သတ္တဝါမျိုးစိတ်များ အနက် အရွယ်အစား အကြီးမားဆုံးဖြစ်သည်။အောက်ခံ ညိုဝါရောင်ပေါ်တွင် အနက်ရောင် အစင်းကျားများ တစ်ကိုယ်လုံးတွင် ထင်ရှားစွာ ပေါ်လွင်နေသဖြင့် အခြားသတ္တဝါများနှင့် မှားစရာ အကြောင်းမရှိပေ။ လွန်စွာသန်မာထွားကြိုင်း၍ ခွန် အားကြီးကာ ခြေဖဝါး၊ လက်ဖဝါးများကြီးလျက် ခြေသည်းခွံများ ချွန်ထက်သန်မာသည်။ ပါးနေရာ တစ်ဝိုက် လည်မျိုပိုင်းနှင့် ရင်ဘတ်ပိုင်းအောက်ဖက် ရှိ အမွှေးအရောင်သည် အဖြူရောင်ဖြစ်သည်။ အနက်ရောင် အရစ်ကွင်းများ အမြီးတစ်လျှောက်လုံး ပြည့်စုံစွာဖြစ်ပေါ်လျက်ရှိသည်။
ဓလေ့စရိုက်
ကုန်းနေသတ္တဝါဖြစ်၍ ကျယ်ဝန်းသည့် တောင်ကုန်း၊ တောင်တန်းများပေါ်တွင် လှည့်လည် ကျက်စားတတ်သည်။ မိတ်လိုက်ချိန်မှလွဲ၍ တစ်ကောင်ချင်းနေလေ့ရှိသည်။ ကလေးများငယ်စဉ် တွင် မိခင်နှင့်အတူတွဲ၍ သွားလာတတ်သည်။ တောဝက်၊ ချေ၊ ဆတ်၊ သမင်၊ စိုင်၊ ပြောင်၊ မျောက်၊ ငှက်၊ မြွေ၊ ဖွတ်များအပြင် ဆင်ပေါက်၊ ကြံ့ပေါက်ငယ်နှင့် ငါးများသည် ကျား ဖမ်းစားခံရသည့် သတ္တဝါများဖြစ်ကြသည်။ အနံ့ဖြင့်လည်းကောင်း၊ အသံပြု၍လည်းကောင်း၊ အချင်းချင်း ဆက်သွယ်ကြသည်။ ရေကူးကျွမ်းကျင်သည်။
နေထိုင်ရာပတ်ဝန်းကျင်
မြေနိမ့်ပိုင်းမြက်ခင်းနှင့် လမုတောရှိရာအရပ်မှသည် ရွက်ကြွေတော၊ ထင်းရှူးတောနှင့် အမြဲစိမ်း တောများထိ နေထိုင်ကျက်စားလေ့ရှိကြသည်။ မြေညီဒေသမှသည် မီတာ ၃၀၀၀ မြင့်သည့် နေရာထိ တွေ့နိုင်သည်။ သားကောင်များနှင့် ရေရရှိမှုအခြေအနေပေါ်မူတည်၍ မြစ်ချောင်း နံဘေး ကမ်းခြေဒေသမျိုးကိုလည်း ကြိုက်နှစ်သက်သည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် နေထိုင်နိုင် သော်လည်း ယခုအခါ ကောင်ရေနည်းပါးနေပြီဖြစ်သည်။

ကြံ့သူတော် - Asian Tapir (Tapirus indicus)
ပြင်ပလက္ခဏာ
- ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ပိုင်း အရှည် ၂.၂-၂.၄ မီတာရှိသည်။ အမြီးအလွန်တိုသည်။ ၈-၁၀ စင်တီ မီတာမျှသာရှည်သည်။ အရွယ်အစားကြီးမားသော ခွာပါသည့် သတ္တဝါဖြစ်သည်။ ဦးခေါင်းပိုင်း၊ ပခုံးပိုင်း၊ ရင်ဘတ်ပိုင်း၊ ရှေ့ခြေထောက်၊ ဝမ်းဗိုက် ပိုင်း၊ နောက်ခြေထောက်နှင့် အမြီးတို့မှာ အမည်း ရောင်ဖြစ်၍ ပခုံးနောက်မှ တင်ပဆုံပိုင်းအထိ ခန္ဓာကိုယ်ကျောဖက်နှင့် ဘေးဖက်များတွင် အဖြူရောင် ဖြစ်နေသည်။ နှာခေါင်းပိုရှည်ထွက် လျက် နှာမောင်းအသွင်ဖြစ်နေသည်။ နားရွက်ထိပ် ဖျားတွင် အဖြူစက် အကွက်ငယ် ရှိနေသည်။ မွေးကင်းစကြံ့သူတော်ငယ်၏ ခန္ဓာကိုယ်အရောင်မှာ အညိုရောင်အောက်ခံတွင် အလျားလိုက်အဖြူကွက် ငယ်များ ရှိနေသည်။
ဓလေ့စရိုက်
သစ်ရွက်များကို ကိုက်ဖြတ်စားသောက်လေ့ရှိသည်။ ညဖက်တွင် အစာထွက်စားလေ့ရှိသည်။ သိုသိပ်၍ ဆိတ်ဆိတ်နေတတ်သည်။
နေထိုင်ရာပတ်ဝန်းကျင်
အမြဲစိမ်းမုတ်သုန်တော၊ မြစ်ကမ်းပတ်ဝန်းကျင်သစ်တောများနှင့် ရွက်ကြွေတောများ၌ နေထိုင် သည်။ မြန်မာနိုင်ငံတွင် တနင်္သာရီတောင်ဖက်ပိုင်းနှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် သစ်တောများတွင် တွေ့နိုင်သည်။ ကောင်ရေနည်းပါးနေပြီဖြစ်သည်။

>
![]() | ![]() |
စီမံကိန်းကာလ
စီမံကိန်းအား ၂၀၀၅-၀၆ ခုနှစ်မှစတင်၍ ၂၀၃၄-၃၅ ခုနှစ် အထိ နှစ်(၃၀) ဆောင်ရွက် သွားရန် ရည်မှန်းထားရှိပြီး ပထမ (၄) နှစ် စီမံကိန်းအား (၂၀၀၅-၀၆ မှ ၂၀၀၈-၀၉) အထိ လည်းကောင်း၊ ဒုတိယ (၄)နှစ် စီမံကိန်းအား (၂၀၀၉-၁၀ မှ ၂၀၁၂-၁၃) အထိလည်းကောင်း၊ တတိယ(၄)နှစ်စီမံကိန်းကာလအား (၂၀၁၃-၁၄မှ၂၀၁၆-၁၇)အထိနှင့် စတုတ္ထ(၄)နှစ်စီမံကိန်း ကာလကို (၂၀၁၇-၁၈ မှ ၂၀၂၀-၂၁)အထိ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ပြီး ဖြစ်ပါသည်။ ယခုအခါ ပဉ္စမ(၄)နှစ်စီမံကိန်းကာလ ကို (၂၀၂၃-၂၀၂၄ မှ ၂၀၂၆-၂၀၂၇) အထိ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
![]() |
စီမံကိန်းရန်ပုံငွေ
မုတ္တမဓါတ်ငွေ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ၊ တနင်္သာရီပိုက်လိုင်းကုမ္ပဏီနှင့် အက်ဒမန် ပို့ဆောင်ရေးလီမိတက်တို့မှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ (လေး သိန်းခွဲ)နှင့် စီမံကိန်းကာလတစ်ခု (၄နှစ်)အတွက် အမေရိကန်ဒေါ်လာ (၁.၈ သန်း) ထည့်ဝင်ခြင်းဖြစ်ပါ သည်။
တနင်္သာရီသဘာဝကြိုးဝိုင်းလုပ်ငန်းစီမံကိန်း၏ ပဉ္စမ(၄)နှစ်စီမံကိန်းကာလ(၂၀၂၃-၂၄ မှ ၂၀၂၆-၂၇ ထိ) စီမံကိန်းပထမနှစ်(၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်)တစ်နှစ်စာအတွက် နားလည်မှု စာချွန်လွှာ (MoU) ကို သစ်တောဦးစီးဌာန နှင့် မိတ်ဖက်ကုမ္ပဏီ(၃)ခုတို့အကြား (၂၆.၆.၂၀၂၃) ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန်ဒေါ်လာ (၃၅၀,၀၀၀) လက်ခံရရှိပြီး ဖြစ်ပါ သည်။ အဆိုပါရန်ပုံငွေ ထဲမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် (၁.၄.၂၀၂၃ မှ ၃၁.၃.၂၀၂၄ အထိ)အတွင်း အမေရိကန်ဒေါ်လာ(၁၄၄,၉၁၄.၀၅)နှင့် ညီမျှသောကျပ်(၃၀၃.၄၅၀)သန်းကို စီမံကိန်းလုပ်ငန်း များဆောင်ရွက်ရန်အတွက်သုံးစွဲခွင့်ပြုကြောင်းကိုစီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီးဌာနမှ(၂၅.၁၀.၂၀၂၃) ရက်နေ့တွင် ခွင့်ပြုချက်ရခဲ့ပါသည်။
![]() | ![]() |
![]() |
ဖွဲ့စည်းပုံနှင့် ဝန်ထမ်းအင်အား
တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ ဖွဲ့စည်းပုံအရ သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၃၃) ဦးနှင့် ဒေသခံဝန်ထမ်း (၄၈) ဦး စုစုပေါင်း (၈၁)ဦးဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လအထိ လက်ရှိဝန်ထမ်းအင်အား (၄၁)ဦးစာရင်းမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-
တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ ဖွဲ့စည်းပုံအရ သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၃၃) ဦးနှင့် ဒေသခံဝန်ထမ်း (၄၈) ဦး စုစုပေါင်း (၈၁)ဦးဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လအထိ ဝန်ထမ်း(၁၁)ဦး ဒေသခံဝန်ထမ်း(၃၀) ဦး စုစုပေါင်း (၄၁)ဦးဖြင့် စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
![]() |